DVB Logo
Home
မြန်မာသတင်း
မလွှဲတောင်ဂိတ်၌ သိန်း၂၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၅ ဦး ဖမ်းဆီးမိ
DVB
·
February 9, 2023
မလွှဲတောင်ဂိတ်၌ သိန်း၂၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၅ ဦး ဖမ်းဆီးမိ
Donate to DVB

တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ် ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၃ ဦးနဲ့ ထားဝယ်မြို့မှ ဆက်စပ်သူ၂ဦး စုစုပေါင်း ၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီ မူးယစ်ဆေးဝါးအလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ CCDAC Myanmar က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့လာတဲ့ ခရီးသည်တင်ယာဉ်တစီးကို စစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသူ ဇင်ကိုဦးထံမှ ကာလတန်ဖိုးကျပ် ၆၂၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးပြား ၂၇၃၀၅ ပြား ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အရ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ခွာညို ၃ လမ်းမှာ အောင်မင်းသူကို ထပ်မံဖမ်းဆီးရမိ ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း ရေးမြို့ဘက်ကလာတဲ့ ခရီးသည်ယာဉ်ပေါ်မှာ အသက် ၄၄ နှစ်အရွယ် ထွန်းရွှေမြင့် သယ်ဆောင်လာတဲ့ အလေးချိန် ၄ ဒသမ ၇ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁,၂၆၉ တန်ဖိုးရှိ အက်ဖက်တမင်း စိတ်ပြောင်းဆေးဝါး ဆာလာအိတ်တအိတ်နဲ့အတူ ဖမ်းဆီးခဲ့ပြီး ကွင်းဆက်အနေနဲ့ ထားဝယ်မြို့၊ ဥသာရံတိုးချဲ့ရပ်ကွက်မှာ နေထိုင်တဲ့ သန်းအေးမောင်ကို ကျပ် ၁၈ သိန်းတန်ဖိုးရှိ အက်ဖက်တမင်း ၆၀ ဂရမ်နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာတော့ ရေးမြို့မှလာတဲ့ ကားပေါ်တွင် သိန်း ၅၄၀ တန်ဖိုးရှိ အက်ဖက်တမင်း ၆၀ ဂရမ်ထည့်လာတဲ့ ကျောပိုးအိတ်နဲ့အတူ သယ်ဆောင်လာသူ အသက် ၃၀ နှစ်အရွယ် မင်းဇော်ကို  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သက်သေတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူ ၅ ဦးကို ကလိန်အောင်နယ်မြေရဲစခန်းက မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပေဒေနဲ့ အမှုဖွင့်အရေးယူထား ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း တနင်္သာရီတိုင်းတွင် ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူတွေ ဖမ်းဆီးအရေးယူထားတယ်လို့ CCDAC myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013