DVB Logo
Home
မြန်မာသတင်း
အလုပ်ထုတ်ခံရသည့် မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်သမားများ အလုပ်ပြန်ဝင်
DVB
·
February 9, 2023
အလုပ်ထုတ်ခံရသည့် မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်သမားများ အလုပ်ပြန်ဝင်
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မှာပဲ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ အဲဒီစက်ရုံ အလုပ်သမားသမဂ္ဂထံက သိရပါတယ်။

လုပ်ခလစာ တိုးမြှင့်ပေးရေးနဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြမှုကြောင့် အဲဒီစက်ရုံက အလုပ်သမား ၂၆ ဦးဟာ အောက်တိုဘာလကုန်က အလုပ်ထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ်ပြီးနောက်မှာ လုပ်ငန်းခွင် ပြန်ဝင်လိုတဲ့သူတွေကို စက်ရုံက လက်ခံသဘောတူလိုက်တာလည်း ဖြစ်ပါတယ်။

ကိုယ်တိုင် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတဦးက “လုပ်ငန်းခွင်ပြန်ဝင်ရင် နှစ်ဖက်လိုက်နာရမယ့် စည်းကမ်းချက်တွေကို နှစ်ဖက် ဆွေးနွေးသဘောတူညီမှု ရလိုက်တယ်။ အလုပ်သမားတွေ တင်ပြချက်ကို စက်ရုံက လိုက်လျောပေးတဲ့အတွက် လုပ်ငန်းခွင်ပြန်ဝင်ကြတာပါ” လို့ ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၆ ယောက်မှာ ၁၃ ယောက်က နစ်နာကြေးယူကာ အလုပ်ထွက်သွားပြီး ကျန် ၁၃ ယောက်က အလုပ်ပြန်ဝင်ကြတာ ဖြစ်ပါတယ်။

အဲဒီလို အလုပ်ပြန်ဝင်ချိန်မှာ ကြားကာလ အလုပ်ပျက်ရက်တွေအတွက် လစာကို စက်ရုံက ပြန်ထုတ်ပေးသလို အလုပ်ပြန်ဝင်တဲ့ အလုပ်သမားတွေကို ခွဲခြားမဆက်ဆံဖို့၊ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ စတဲ့အချက်တွေ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံအလုပ်သမားသမဂ္ဂကတော့ မူလတောင်းဆိုချက်ဖြစ်တဲ့ လုပ်ခလစာတိုးပေးရေး ကိစ္စကိုလည်း ညှိနှိုင်းတင်ပြတောင်းဆိုတဲ့နည်းနဲ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ နာမည်ကြီး Adidas အမှတ်တံဆိပ် ဖိနပ်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013