DVB Logo
Home
Lead Story
ကျောက်မျက်ပြပွဲတွင် အတွဲပေါင်း ၇၅၀၀ ကျော်ရောင်းရန် လက်ခံပြီးဖြစ်
DVB
·
June 4, 2014
ကျောက်မျက်ပြပွဲတွင် အတွဲပေါင်း ၇၅၀၀ ကျော်ရောင်းရန် လက်ခံပြီးဖြစ်
Donate to DVB

လာမယ့် ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမနဲ့ ကျောက်မျက်ရတနာ ပြတိုက်တွေမှာ ကျင်းပမယ့် ၅၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲမှာ ရောင်းချဖို့အတွက် ကျောက်စိမ်း ကျောက်မျက် အတွဲပေါင်း ၇၅၀၀ ကျော်လက်ခံ ရထားပြီး ဖြစ်တယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

jadeပြီးခဲ့တဲ့ အကြိမ် ၅၀ မြောက်တုန်းက ကျောက်မျက် အတွဲပေါင်း ၁ သောင်းကျော် ပြသခဲ့ပေမယ့် အခုတစ်ခေါက် အချောထည်တွေကို ပိုပြီး ပြသသွားမယ်လို့ ဆိုပါတယ်။

ကျောက်စိမ်း အရိုင်းတုံးတွေကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀၀ လောက်ကနေ ဒေါ်လာ ၅ သိန်းကျော်အထိ သတ်မှတ်ထားပြီး တင်ဒါစနစ်နဲ့ ရောင်းသွားမယ်လို့ လောင်ဗျစ် ကျောက်မျက်ကုမ္ပဏီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြပွဲမှာ တင်ရောင်းမယ့် ကျောက်မျက်တွေကို လာမယ့် ဇွန်လ ၁၁ ရက်နေ့အထိ ကော်မတီက စစ်ဆေး လက်ခံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013