DVB Logo
Home
မြန်မာသတင်း
အာဇာနည်ဗိမာန်တွင် ကျဆုံး ကိုရီးယားနိုင်ငံသားများအတွက် အမှတ်တရကျောက်တိုင် စိုက်ထူမည်
DVB
·
June 4, 2014
အာဇာနည်ဗိမာန်တွင် ကျဆုံး ကိုရီးယားနိုင်ငံသားများအတွက် အမှတ်တရကျောက်တိုင် စိုက်ထူမည်
Donate to DVB

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ကျဆုံးသွားခဲ့ကြတဲ့ ကိုရီးယားလူမျိုးတွေအတွက် အောက်မေ့ဖွယ် အမှတ်တရကျောက်တိုင် စိုက်ထူပွဲကို ဇွန် ၆ ရက်နေ့ ပြုလုပ်မယ်လို့ တောင်ကိုးရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_57788" align="alignright" width="300"]နှစ် ၃၀ ပြည့် အထိမ်းအမှတ် တောင်ကိုရီးယား သံတမန်အဖွဲ့ အာဇာနည်ဗိမာန်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပန်းခွေချနေစဉ် နှစ် ၃၀ ပြည့် အထိမ်းအမှတ် တောင်ကိုရီးယား သံတမန်အဖွဲ့ အာဇာနည်ဗိမာန်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပန်းခွေချနေစဉ်[/caption]ဒီအခမ်းအနားကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် လာရောက်ပြီး ၁၉၈၃ ခုနှစ်က အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုမှာ အသက်စွန့်သွားခဲ့ရသူတွေအတွက် ဂုဏ်ပြု ဖွင့်လှစ်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြွန်ဆဲဟာ ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီး လာရောက်ဖို့ရှိပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နျူကလီယားကိစ္စအပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေအပေါ် အမြင်သဘောထားတွေ ဖလှယ်ကြမယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူက သတင်းမှာ ပြောပါတယ်။ ဒါ့ပြင် ရင်းနှီးမြှုပ်နှံမှု အာမခံစာချုပ်ကို ၂ နိုင်ငံ ၀န်ကြီးတွေက လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဇွန် ၆ ရက်နေ့မှာတော့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက် လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ဗိုလ်ချုပ် ချန်ဒူးဝှမ်ကို မြောက်ကိုရီးယား သူလျှိုတွေရဲ့ ဗုံးခွဲလုပ်ကြံဖို့ ကြိုးပမ်းခဲ့စဉ်မှာ အသက်စွန့်သွားရသူတွေအတွက် အမှတ်တရကျောက်တိုင် စိုက်ထူတဲ့အခမ်းအနားကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံအစိုးရတို့ဟာ အဲဒီအချိန်တုန်းက ကျဆုံးခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအပါအ၀င် ကိုရီးယားလူမျိုး ၁၇ ဦးနဲ့ မြန်မာလူမျိုး ၄ ဦးတို့ကို ဂုဏ်ပြု အမှတ်တရကျောက်တိုင် စိုက်ထူဖို့ ၂၀၁၂ ခုနှစ်မှာ သဘောတူညီခဲ့ပါတယ်။

တောင်ကိုရီးယား ၀မ်ငွေ သန်းပေါင်း ၇၃၀ တန်ဖိုးရှိတဲ့ ၁ ဒသမ ၅ မီတာ အမြင့်ရှိတဲ့ အမှတ်တရကျောက်တိုက်ကို ဆိုးလ်မြို့တော်မှာ ထုဆစ်ပြုလုပ်ပြီး မြန်မာနိုင်ငံကို မေလ အစောပိုင်းမှာ ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013