DVB Logo
Home
မြန်မာသတင်း
နှင်းဆီပါတီကို အမည်ပြောင်းလဲပြီး ပါတီမှတ်ပုံပြန်တင်မည်
DVB
·
February 8, 2023
နှင်းဆီပါတီကို အမည်ပြောင်းလဲပြီး ပါတီမှတ်ပုံပြန်တင်မည်
1 / 2
Donate to DVB

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပါတီဝင်များ ပြည်လည်စုစည်းကာ ပါတီနာမည်အသစ်နဲ့ ပြန်လည်မှတ်ပုံဖို့ ပြင်ဆင်နေတယ်လို့ ပါတီဝင်ဟောင်းတွေထံက သိရပါတယ်။

နှင်းဆီပါတီ ခေါင်းဆောင် ဦးကျော်မြင့်ဟာ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် ချမ်းအေးသာစံမြို့နယ် တရားရုံးကလည်း  ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်က ထောင်ပြေးမှုအပြင် အရင်ပြစ်မှုကြွေးကျန် ထောင်ဒဏ် ၉ နှစ်နဲ့ ထပ်တိုးထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါသေးတယ်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်မှာ ပြည်ထောင်စုရွေးကော်မရှင်ကနေပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီဝင်အင်အားများတဲ့ နှင်းဆီပါတီဟာ ပါတီမှတ်ပုံတင် ပြန်တင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ပါတီဝင်ဟောင်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“နာမည်က ကြားနေတာတော့ ပြည်ထောင်စုဒီမိုကရေစီပါတီလို့ နာမည်ပြောင်းမယ် ကြားတယ် သေချာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

နှင်းဆီပါတီ တကယ်တမ်းမှတ်ပုံတင်ပြီး ပါတီအသစ်ဖွဲ့စည်းပါက ကြံ့ခိုင်ရေးပါတီထက် အင်အားများပြားလာမှာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“၂၀၂၀ တုန်းကတောင် ပြည်ထောင်စုအဆင့်ပြိုင်တာ ကိုယ်စားလှယ် ၁၁၃၁ ယောက်ရှိတယ်။ တကယ်မှတ်ပုံတင်ရင် ပြည်ထောင်စုအဆင့် ပြိုင်မှာ”လို့ ပြောပါတယ်။

နှင်းဆီပါတီ(ခ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) မှာ  ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခြင်း မရှိပါဘူး။

လက်ရှိအခြေအနေမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အင်းစိန်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကို ကျခံနေရပြီး  လှိုင်သာယာမြို့မရဲစခန်းက စွဲဆိုထားတဲ့ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄၃) နဲ့ တရားရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြီးနောက် စစ်တပ် ကြောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့  ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင် ပြန်လျှောက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013