DVB Logo
Home
မြန်မာသတင်း
နျူးကလီးယားနည်းပညာ အသုံးချလုပ်ငန်းများကို သတိပေးချက်ထုတ်
DVB
·
June 3, 2014
နျူးကလီးယားနည်းပညာ အသုံးချလုပ်ငန်းများကို သတိပေးချက်ထုတ်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ နျူးကလီးယားနည်းပညာ အသုံးချနေတဲ့ လုပ်ငန်းတွေကို အဏုမြူစွမ်းအင်ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အတွက် သိပံ္ပနဲ့နည်းပညာဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

သိပံ္ပနဲ့နည်းပညာဝန်ကြီးဌာနလက်အောက် အဏုမြူစွမ်းအင်ဦးစီးဌာနကနေ ဒီလ ၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာပါ။

နျူးကလီးယားနည်းပညာ အသုံးချနေတဲ့ ကျန်းမာရေးဝန်ဆောင်မူလုပ်ငန်း၊ စက်မူလုပ်ငန်းတွေမှာ ခွင့်ပြုချက်မရှိဘဲ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာတွေ တင်သွင်းမှုရှိနေတာကြောင့် အဏုမြူစွမ်းအင်ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သတိပေးချက်ထုတ်ပြန်တာဖြစ်ပါတယ်။

နေပြည်တော် အဏုမြူစွမ်းအင်ဦးစီးဌာန အကြီးတန်းအရာရှိတဦးကတော့ ဓာတ်ကင်တဲ့ ကင်ဆာရောဂါစက်တွေ တင်သွင်းတဲ့သူတွေအနေနဲ့ အဏုမြူစွမ်းအင်ဥပဒေကို လိုက်နာဖို့ လိုအပ်ပြီး မှတ်ပုံတင်ဖို့ လိုတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“အများပြည်သူ အသိအများဆုံးကတော့ ကျန်းမာရေးပေါ့။ ကျန်းမာရေးမှာ ဓာတ်ကင်တဲ့စက်တွေရှိတယ်။ အဲဒီလို စက်တွေက နျူကလီးယား ဓာတ်ရောင်ခြည်ကို အသုံးပြုတယ်။ နျူကလီးယားနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ နျူကလီးယားဓာတ်ရောင်ခြည်ထုတ်တဲ့ ပစ္စည်းတွေအားလုံးက ဒီဥပဒေထဲမှာ အကျုံးဝင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်ဆောင် လည်ပတ်နေသူအားလုံးဟာ ကျနော်တို့ဆီမှာ မှတ်ပုံတင်ဖို့ လိုပါမယ်။ တင်သွင်းတယ်ဆိုရင် မှတ်ပုံတင်ဖို့ လိုပါတယ်။ လိုင်စင်ကတော့ ကျနော်တို့ ပေးတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလိုင်စင်ထွက်ဖို့အတွက် ထောက်ခံပေးတဲ့ စာရွက်လေး ကျနော်တို့ ထုတ်ပေးပါတယ်။”

အဏုမြူစွမ်းအင်ဦးစီးဌာနအဆိုအရတော့ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နျူးကလီးယားနည်းပညာ အသုံးချနေတဲ့ စက်ပစ္စည်း ၁၃၀၀ ကျော်ရှိပြီး တရားမ၀င်တင်သွင်းမှုတွေလည်း ရှိနေပါတယ်။

အဲဒီအတွက် ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး တရားဝင်ဆောင်ရွက်ဖို့အတွက် ကြေညာထားပြီး သတ်မှတ်ရက်ကျော်လွန်ရင်တော့ အဏုမြူစွမ်းအင်ဥပဒေနဲ့ အရေးယူမယ်လို့ အဏုမြူစွမ်းအင်ဦးစီးဌာနက အသိပေးချက်ထုတ်ထားပါတယ်။

အဏုမြူစွမ်းအင်ဥပဒေကို ၁၉၉၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ပြဋ္ဌာန်းထားပြီး နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာတွေကို မှတ်ပုံတင်လိုင်စင်မရှိဘဲ တင်သွင်းရောင်းချမယ်ဆိုရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထိ အရေးယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013