DVB Logo
Home
မြန်မာသတင်း
ပုတီးကုန်း အထက ၀ရန်တာ ကျိုးကျ ၊ ကျောင်းသား ၁၇ ဦးဒဏ်ရာရ
DVB
·
June 3, 2014
ပုတီးကုန်း အထက ၀ရန်တာ ကျိုးကျ ၊ ကျောင်းသား ၁၇ ဦးဒဏ်ရာရ
1 / 3
Donate to DVB

ပဲခူးတိုင်း သဲကုန်းမြို့နယ်  ပုတီးကုန်းမြို့က အခြေခံပညာ အထက်တန်းကျောင်း စင်္ကြန်လျှောက်လမ်း ၀ရန်တာကျိုးကျလို့ ၈ တန်း  ကျောင်းသားကျောင်းသူ ၁၇ ဦး ဒဏ်ရာရရှိကာ ၁ ဦးဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ဆေးကုသခဲ့ရပါတယ်။

[caption id="attachment_57753" align="alignright" width="300"]ဓာတ်ပုံ - MOI Webportal Myanmar ဓာတ်ပုံ - MOI Webportal Myanmar[/caption]

နွေရာသီကျောင်းပိတ်ရက်အပြီး  နိုင်ငံတ၀ှမ်း အခြေခံပညာစာ သင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်တဲ့ ဇွန် ၂ ရက်နေ့ မနက်  ၈ နာရီကျော်လောက်မှာ ပုတီးကုန်းမြို့အ၀င်မှာ ရှိတဲ့   အထက်တန်းကျောင်း  ၀ရန်တာကျိုးကျတဲ့အတွက်  ကျောင်းသားတွေ ဒဏ်ရာရရှိသွားခဲ့တာပါ။

ဝရန်တာ ကျိုးကျခဲ့တဲ့  ကျောင်းဆောင်ဟာ နှစ်ပေါင်း ၆၀ ရှိပြီး အိုမင်းဟောင်းနွမ်းနေတဲ့  ပေ ၃၀ လောက်မြင့်တဲ့  အုပ်ညှပ် ၂ ထပ်ကျောင်းဆောင် ဖြစ်ပါတယ်။

ကျောင်းမတော်တဆ ဖြစ်ပွားမှုနဲ့ ပုတီးကုန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ကျောင်းသားတွေ ဒဏ်ရာရမှုအခြေအနေကို ပုတီးကုန်းအထကကျောင်းက ဆရာတဦးက ခုလိုပြောပါတယ်။

“၈ တန်းဒီကပါ။ ဆေးရုံမှာ လက်ရှိ ၉ ယောက်ရှိပါတယ်။ ၇ ယောက်က အပြင်မှာ။ ဆေးရုံမှာရှိတဲ့ ၉ ယောက်မှာ ယောက်ျားလေးက ၂ ယောက်။ ရန်ကုန်သွားတဲ့ ကလေးလည်း အခြေအနေကောင်းပါတယ်။ ဒီကလေးကို တိုင်းနဲ့ ခရိုင်ကလည်း အကူညီပေးပါတယ်။ မနေ့က ၈ နာရီ ၁၂ မိနစ်မှာဖြစ်တာပါ။ ကျောင်းက ၁၉၅၂ က ဆောက်တာ၊ ၅၄ မှာ ပြီးတယ်။ လက်ရှိမှာ ညွှန်ချုပ်ရဲ့ ဆောင်ရွက်မှုနဲ့ ဆက်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။”

အသက် ၁၃ နှစ်အရွယ် ကျောင်းသူတဦး ခါးရိုးဆစ်ကျိုးသွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။

မြို့ခံတဦးဖြစ်တဲ့ ဦးအောင်ချစ်စံကတော့  ဒီကျောင်းဆောင်ဟောင်းကြီးကို  သက်ဆိုင်ရာက စစ်ဆေးပြီး အမြန်ဆုံး ပြင်ဆင်ပေးစေလိုတယ်လို့ ပြောပါတယ်။

10349227_515379725256565_7718303228547436467_n“သေချာစစ်ဆေးပြီးတော့ တကယ့်လိုအပ်တဲ့နေရာလေးတွေ မှာ နောက်ဆုံး တကျောင်းလုံး ပြင်သင့်နေပြီ။ ပြင်စေချင် တယ်။ တကယ်တမ်း မလိုအပ်သေးဘူး၊ ဒီနေရာလေးတွေတော့ ချွတ်ယွင်းချက်လေးတွေရှိတယ်၊ ကျန်တဲ့နေရာတွေတော့ ခိုင်ခံ့မှု၊ တောင့်တင်းမှုတွေ ရှိသေးတယ် ဆိုရင်တော့ လောလောဆယ် အခုအနေအထားက မပြင်လို့မရတော့ဘူး။ ”

ပြီးခဲ့တဲ့နှစ် ကျောင်းဖွင့်ရာသီစတင်ချိန် ဇွန်လတုန်းကလည်း မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေလှံကျေးရွာ အထက်တန်းကျောင်း စင်္ကြန် ပြိုကျပြီး ကျောင်းသားနဲ့ ကျောင်းသူ ၁၃ ဦးလောက် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာတော့  ကျောင်းဆောင်ပြုပြင်ဖို့အတွက်  အရေးပေါ်နဲ့ ကျပ်သိန်း ၅၀ အောက် အသေးစားပြုပြင်မှုတွေအတွက်  ခွင့်ပြုချက် တောင်းခံစရာမလိုဘဲ ဆောင်ရွက်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနက  ခုဘဏ္ဍာရေးနှစ်မှာ ကျပ်ငွေ သန်း ၁ ထောင်ကို ခွဲဝေပေးထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013