DVB Logo
Home
Lead Story
မလုံခြုံသော သဘာဝအမွေ အမည်ရ မှတ်တမ်းဓာတ်ပုံပြပွဲ ကျင်းပမည်
DVB
·
June 3, 2014
မလုံခြုံသော သဘာဝအမွေ အမည်ရ မှတ်တမ်းဓာတ်ပုံပြပွဲ ကျင်းပမည်
Donate to DVB

‘မလုံခြုံသော သဘာဝအမွေ အမည်ရ’ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မှတ်တမ်းဓာတ်ပုံပြပွဲကို လာမယ့် ဇွန် ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ ၃၅ လမ်းက ဧရာဝတီမြစ် (River Ayeyarwaddy) ပြခန်းမှာ ကျင်းပဖို့ ရှိပါတယ်။

Pipeline 3ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ ဒေသခံပြည်သူတွေ ရဲ့ လူ့အခွင့်အရေး၊ လူမှုဘဝသက်ရောက်မှု၊ သဘာဝဝန်းကျင်ထိခိုက်မှုတို့ကို

စစ်တမ်း ကောက်ယူပြီး၊ ဒေသခံပြည်သူတွေရဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပေါ် ရှုမြင်ပုံ၊ ခံစားပုံတို့ကို တနိုင်ငံလုံးက ပြည်သူတွေနဲ့ သက်ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော်သူတွေ သိရှိဖို့ ကျင်းပတာလို့ ပြပွဲစီစဉ်တဲ့ ပဒေသာမိုးအရပ်ဘက်လူမှုအဖွဲ့အစည်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ကီလိုမီတာ ၈၀၀ နီးပါးအရှည်ရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သဘာဝဓာတ်ငွေ့တွေ စတင်ပို့လွှတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013