DVB Logo
Home
မြန်မာသတင်း
ရခိုင်သို့ ဝန်ကြီးဦးကိုကိုလှိုင်ရောက်ရှိ၊ ICJ တွင် မြန်မာအရေးချေပနိုင်ရန် အစည်းအဝေး လုပ်မည်
DVB
·
February 5, 2023
ရခိုင်သို့ ဝန်ကြီးဦးကိုကိုလှိုင်ရောက်ရှိ၊ ICJ တွင် မြန်မာအရေးချေပနိုင်ရန် အစည်းအဝေး လုပ်မည်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ကို စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက  ရောက်ရှိလာပြီး ICJ မှာ မြန်မာအရေးချေပနိုင်ဖို့ အချက်အလက်တွေရရှိရေး အစည်းအဝေး လုပ်သွားဖို့ရှိတယ်လို့ ပြည်နယ်ကောင်စီတာဝန်ရှိသူ တဦးက ပြောပါတယ်။

"မနက်ဖြန် ပြည်နယ်ထွေအုပ်မှာ အစည်းအဝေးလုပ်ဖို့ ရှိတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့တွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေကို ဖိတ်ခေါ်ထားတယ်။ အဲဒီကနေ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့က နယ်ခြားစောင့်စခန်း ၃၀ တိုက်ခိုက်ခံခဲ့ရတဲ့ အချက်အလက်တွေနဲ့ သူမသိတဲ့ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဥ် အကြောင်းတွေကို မေးမြန်းပြီးမှတ်တမ်းရယူမှာဖြစ်တယ်။"

လက်တလော အဲဒီမြို့နယ်တွေက မြို့နယ်နဲ့ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေနဲ့ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်မှာ မျက်မြင်ကြုံတွေ့ခဲ့တဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ ဒေသခံ ၂၀ အား စစ်တွေမြို့ကို ခေါ်ထားတယ်လို့ သိရပါတယ်။ 

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို တိုင်ကြားခဲ့တာပါ။

ဒီအမှုအား ၂၀၁၉ ခုနှစ်က ICJ ရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ခဲ့ပြီး ချေပခဲ့ကြ ပါသေးတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ရေးဦးဆောင်ကော်မတီကို ၂၀၂၁ ခုနှစ်ဇွန်လ ၁၈ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

စစ်တွေမြို့ကို ဦးကိုကိုလှိုင်နဲ့အတူ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင် နဲ့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်တို့ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013