
Open AI rogue အေးဂျင့်ကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် AI ကို ထိန်းချုပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ChatGPT AI မော်ဒယ်တွေဟာ စမ်းသပ်မှုတွေ လုပ်နေရာကနေ လွတ်မြောက်ခဲ့ပြီး ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ AI နဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲဆိုတဲ့ သတင်းထောက် တယောက်ရဲ့ မေးခွန်းကို ထရမ့်ပ်က ဖြေကြားခဲ့တာပါ။
ထရမ့်ပ်က “AI ကို ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ AI နည်းပညာမှာ ကျနော်တို့ ဦးဆောင်နေတယ် ဆိုတာလည်း သေချာပါတယ်။ တရုတ်နိုင်ငံထက် ကျနော်တို့ AI မှာ အများကြီး ဦးဆောင်နေပါတယ်” လို့ ပြောပါတယ်။
အမေရိကန်ဟာ လက်ရှိအချိန်မှာ AI နည်းပညာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အဓိက ယှဉ်ပြိုင် နေရချိန် နာမည်ကြီး AI tools ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နောက် ထရမ့်ပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က OpenAI ဟာ hacking အဖြစ်အပျက် ၂ ခုမှာ ပါဝင်ခဲ့ပြီး AI tools တွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
နယူးယောက်မြို့ အခြေစိုက် စမ်းသပ်ခန်းတွေမှာ ထိန်းချုပ်သူစေခိုင်းမှုကို မလိုက်နာတော့တဲ့ rogue အေးဂျင့်ဟာ Open AI ကနေ လွတ်မြောက်ခဲ့ပြီး AI ကုမ္ပဏီဖြစ်တဲ့ Hugging Face မှာ တရက်ကြာ hacking လုပ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
rogue အေးဂျင့်ဟာ ကာစတန်မာတယောက်နဲ့ အပေးအယူလုပ်ခဲ့ပြီး sand box ထဲကို အင်္ဂါနေ့က ဝင်ရောက်ခဲ့တယ်လို့ Hugging Face က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
ကုမ္ပဏီကတော့ ဒီလို Hacking လုပ်တာမျိုး မလုပ်ခဲ့ဘူးလို့ အမှုဆောင်တွေက အလေးပေး ပြောဆိုထားပါတယ်။
Open AI ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာကို မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
Open AI ကုမ္ပဏီက rogue agent ဟာ သီးခြားဝန်ဆောင်မှုပေးတဲ့ အကောင့် ၄ ခုကို ချိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ ပြောထားပါတယ်။
Hugging Face ကုမ္ပဏီဟာ AI မော်ဒယ်တွေနဲ့ ပတ်သက်ပြီး မျှဝေပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး Open source hubs တခုဖြစ်ပါတယ်။
Hugging Face ပူးတွဲတည်ထောင်သူ သောမတ်ဝုဖ်က ဒီအဖြစ်အပျက်ဟာ AI လုပ်ငန်းအတွက် နှိုးဆော်ချက်တခု ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ မှတ်ချက်ပေးထားပါတယ်။
Source:Reuters










