DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပ
DVB
·
June 2, 2014
ဟားခါးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပ
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ကောက်ယူစုဆောင်းမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ချင်းပြည်နယ် ဟားခါးမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

10341632_481493265314773_7075641002198066299_nချင်းပြည်နယ် ဟားခါးမြို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ လူထုလက် မှတ်ကောက်ယူစုဆောင်းမှုကို ဒီကနေ့မနက် ၈ နာရီခွဲကနေ - ၁၁ နာရီထိ ဟားခါးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တာပါ။

ဒီကနေ့ လူထုဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးအဖွဲ့က ကိုအောင်သူ နဲ့ အဖွဲ့  ၃ ဦး၊ ဟားခါး အန်အယ်လ်ဒီဥက္ကဌ ဒေါ်ရှားမီး၊ ရှေ့နေ ဦးဟန်ချင်း၊ ကလေးတက္ကသိုလ်က ကျောင်းသားသမဂ္ဂခေါင်းဆောင်တို့ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးစည်းရုံးဟောပြောခဲ့တယ်လို့  ချင်းပြည်နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဇိုဘွဲက ဒီဗွီဘီကို ပြောပါတယ်။

သူ့အနေနဲ့လည်း ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ရာ ပြည်သူတွေရဲ့ ထောက်ခံမှု ၇၅ ရာခိုင်နှုန်း လိုအပ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဦးဇိုဘွဲက ပြောပါတယ်။

ဟားခါးက ဟောပြောပွဲကို  နဂိုက  လူပေါင်းထောင်ချီဝင်ဆန့်နိုင်မယ့် ၀မ်းသုမောင်း အားကစားကွင်း ခါစန်ဟောလ်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုတဲ့အတွက် အန်အယ်လ်ဒီရုံးရှေ့ လမ်းပေါ်မှာ အကျဉ်းချုံးလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ထောက်ခံကြောင်း လာရောက်လက်မှတ်ရေးထိုးသူလည်း ၄၀၀ လောက်သာ ရှိကြောင်း၊ လာမယ့် ဇွန်လ ၉ ရက်နေ့ နောက်ပိုင်းမှာတော့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ် ခရိုင်မှာ နောက်ထပ်ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ဦးဇိုဘွဲက ဒီဗွီဘီကို  ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုလူထုဟောပြောပွဲတွေကို မေလက စတင်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း၊  မန္တလေးတိုင်း၊ ကရင်ပြည်နယ်  စတဲ့ဒေသတွေမှာလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013