DVB Logo
Home
မြန်မာသတင်း
ရခိုင်တောင်ပိုင်းကို ဇွန်လ၀က်တွင် လျှပ်စစ်မီးပေးမည်
DVB
·
June 2, 2014
ရခိုင်တောင်ပိုင်းကို ဇွန်လ၀က်တွင် လျှပ်စစ်မီးပေးမည်
Donate to DVB

ရခိုင်ပြည်နယ် တောင်ပိုင်း မြို့နယ်တွေကို မေလထဲမှာ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးပေးဖို့ စီစဉ်ခဲ့ပေမယ့် လုပ်ငန်းတွေ မပြီးပြတ်လို့ အခုလ ဒုတိယပတ်မှာမှ ပေးနိုင်တော့မယ်လို့ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မီတာခအမြင့်ဆုံး ပေးဆောင်ရတဲ့ ဒေသတခုဖြစ်တဲ့ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်မြို့တွေကို မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

[caption id="attachment_57708" align="alignright" width="300"]ဓာတ်ပုံ- အောင်မျိုးပိုင် ဓာတ်ပုံ- အောင်မျိုးပိုင်[/caption]

ဒီအစီအစဉ်ကို ပြည်ထောင်စု အစိုးရဘတ်ဂျက်နဲ့ အိန္ဒိယချေးငွေတွေနဲ့ ဆောင် ရွက်နေပြီး မြို့နယ်တွင်းသွယ်တန်းတာတွေနဲ့ တခြားလိုအပ်တာတွေ ကိုတော့ ပြည်နယ်အစိုးရ က ဆောင်ရွက်တာပါလို့ ရခိုင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။

လာမယ့် သြဂုတ်လမှာ အမ်းမြို့နယ်ကို လျှပ်စစ်မီးပေးဖို့ စီစဉ်နေပြီး နှစ်ကုန်ပိုင်းမှာတော့ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်မြို့တွေကို ပေးနိုင်မှာပါလို့ ပြောပါတယ်။

လက်ရှိမှာတော့ သံတွဲနဲ့ တောင်ကုတ်မြို့တွေကို ပုဂ္ဂလိက ကလျှပ်စစ်ဓာတ်အားပေးနေပြီး ၁၀ ယူနစ်ထက်ပိုတဲ့ ယူနစ်တွေကို ငွေကျပ် ၄၅၀ လောက် ပေးနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်တောင်မှုကောင်းပြီး မီးမပျက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မြင့်ကတော့ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ပေးတော့မှာ ဖြစ်တဲ့အတွက် မီတာတွေကို ထပ်တပ်ပေးဖို့ လျှောက်လွှာလက်ခံနေတယ်လို့ ပြောပါတယ်။ အခုအချိန်ထိ လျှောက်လွှာ ၁၀၀၀ လောက်လက်ခံရရှိထားပြီး ဘယ်လောက်ထိ ချပေးနိုင်မလဲတော့ မသိသေးဘူးလို့လည်း သူက ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013