DVB Logo
Home
မြန်မာသတင်း
အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ထပ်မံညှိနှိုင်းရန်လို
DVB
·
June 2, 2014
အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ထပ်မံညှိနှိုင်းရန်လို
Donate to DVB

အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို ထပ်မံညှိနှိုင်းဖို့ လုပ်အပ်တယ်လို့ ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး  ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ  သတင်းမီဒီယာသမားတွေက ပြောကြားလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ရဲ့ ဖိတ်ကြားချက် နဲ့ မီဒီယာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အစည်းအဝေး တက်ရောက်တဲ့ မြန်မာစာနယ်ဇင်းကောင်စီနဲ့ သတင်းဌာနပေါင်းစုံက   ဥပဒေကြမ်းကို ထပ်မံညှိနှိုင်းဖို့ ပြောကြားလိုက်တာပါ။

အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် မတ်လက ထုတ်ပြန်ခဲ့ပေမယ့် သတင်းမီဒီယာ နယ်ပယ်က ဝေဖန်မူတွေရှိတာကြောင့် လွှတ်တော်မှာ ဆွေးနွေးခြင်းမပြုသေးပဲ အခုနှစ် မေလကုန်ထိ ရွှေ့ဆိုင်းခဲ့ထားခြင်း ဖြစ်ပါတယ်။

အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေမှာ နိုင်ငံပိုင်သတင်းစာ ရုပ်သံကို အများပိုင်ပြောင်းမယ်လို့ ပါရှိပြီး အစိုးရက အများပိုင်ပြောင်းမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ အကြံပေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ကိုဇော်သက်ထွေးက ဒီဗွီဘီကိုပြောပါတယ်။

သတင်းစာဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး) ကတော့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဆိုတာ နိုင်ငံတကာမှာမရှိဘဲ  ပြည်သူ့ပိုက်ဆံနဲ့ အစိုးရ၀ါဒဖြန့်တဲ့ မီဒီယာဖြစ်တဲ့အတွက် လုံးဝကန့်ကွက်တယ်လို့ ပြောပါတယ်။

အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ပြဋ္ဌာန်းချက်တွေ အပေါ်မှာ သတင်းစာလုပ်ငန်း လုပ်ကိုင်သူ တချို့ကလည်း အငြင်းပွားစရာတွေနဲ့ ကန့်ကွက်ရမှာတွေ အများကြီး ရှိနေတယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013