DVB Logo
Home
မြန်မာသတင်း
အသိမ်းခံ ဈေးချိုဆိုင်ခန်း ပြန်ရရေး သတင်းစာရှင်း
DVB
·
June 2, 2014
အသိမ်းခံ ဈေးချိုဆိုင်ခန်း ပြန်ရရေး သတင်းစာရှင်း
Donate to DVB

မန္တလေး ဈေးချိုထဲက ဆိုင်ခန်း အသိမ်းခံခဲ့ရတဲ့အပေါ် ဆိုင်ခန်းပြန်လည် ရယူလိုတဲ့အကြောင်း ဆိုင်ပိုင်ရှင်က မနေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_57703" align="alignright" width="300"]mandalay market copy သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]

ဥပဒေချိုးဖောက်မှုလည်းမရှိသလို စည်ပင်သာယာရဲ့ စည်းကမ်းချက်တွေကို ကျုးလွန် ဖောက်ဖျက်တာမရှိပဲ ၂၀၀၇ ခုနှစ် ဇွန်လထဲမှာ အသိမ်းဆည်းခံရတာလို့ ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။

ပိုင်ရှင်က နိုင်ငံရေး လုပ်ဆောင်မှုကြောင့် အသိမ်းခံရတာလို့ ယုံကြည်နေပြီး စီရုံ မြေညီထပ် အလယ်လိုင်းမှာရှိတဲ့ မူလပိုင်ရှင် အမည်ပေါက် ဆိုင်ခန်းနံပါတ် ၉ ကို ပြန်လည် ရယူလိုနေတာ ဖြစ်ပါတယ်။

ဆိုင်ခန်း အသိမ်းခံရတာနဲ့ ပတ်သက်ပြီး အထည်ဆိုင်ပိုင်ရှင် ဦးဘစိုးက “သိမ်းတုန်းကတော့ ဗိုလ်မှူး မောင်ဦးရဲ့ စီရုံ နံပgတ် ၉ မြေညီထပ်ဆိုင်ခန်းကို သိမ်းတယ်ဆိုတဲ့ အမိန့်စာနဲ့ အသိမ်းခံရတာ။ နောက်ရက်ကျမှ သူရုံးခန်းကို ခေါ်တော့မှ အန်အယ်လ်ဒီ အလံလေး ကပ်ထားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းတာ။ အန်အယ်လ်ဒီအလံကလည်း ၁၉၈၉ ကတည်းက ကပ်ထားတာ မှိန်ပြီးမှ မမြင်ရတော့ဘူး” လို့ ပြောပါတယ်။

အသိမ်းခံရတဲ့ ဆိုင်ခန်းပိုင်ရှင် ဦးဘစိုးတို့ မောင်နှမ အားလုံးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဖြစ်သလို ညီမ ဖြစ်သူ ဒေါ်ဝင်းမြမြမှာ မန္တလေးတိုင်းဒေသကြီး အမျိုးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌတဦးလည်းဖြစ်ပါတယ်။

ဆိုင်ခန်းအသိမ်းခံခဲ့ရလို့ မန်းမြန်မာဈေးချိုပလာဇာမှာ ဆိုင်ခန်းငှားထွက်ဖို့ စီစဉ်ခဲ့ပေမယ့် နှောင့်ယှက်မှုတွေ အမျိုးမျိုးကြုံခဲ့ရသလို သမ္မတဦးသိန်းစိန်အပါအ၀င် သက်ဆိုင်ရာကို စာတင်ခဲ့ပေမယ့် ဘာမှ မထူးခြားတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ သိမ်းဆည်းခံရတဲ့ ဆိုင်ခန်း ပြန်လည်ရရှိဖို့ ၃ ကြိမ် စာတင်ခဲ့ပေမယ့် တစုံတရာအကြောင်း မထူးခဲ့ပါဘူး။ ၂၀၁၀ မေလမှာ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ ဈေးနဲ့ သားသတ်ဌာနကနေ လေလံပစ်မယ့် စာရင်းမှာ ပါဝင်နေတဲ့အတွက် ပယ်ဖျက်ပေးဖို့နဲ့ ဆိုင်းငံ့ထားဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတင်ခဲ့ပေမယ့် ကျပ်သိန်းရာနဲ့ချီ လေလံတင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013