DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကုမ္ပဏီမီးရှို့မှု စွဲချက်တင်ရန် အမိန့်ချမှတ်
DVB
·
June 2, 2014
ရခိုင်ပြည်နယ်တွင် ကုမ္ပဏီမီးရှို့မှု စွဲချက်တင်ရန် အမိန့်ချမှတ်
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ်က တရုတ် စီအန်ပီစီပိုက်လိုင်းကုမ္ပဏီပိုင် အဆောက်အဦ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အလုပ်သမား ၁၇ ဦးကို ဒီကနေ့ မြို့နယ်တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ညက အန်းမြို့နယ်က ဓာတ်ငွေ့ပို့လွှတ်ရုံတခုမှာ ကုမ္ပဏီက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေကြား အချင်းများပြီး မီးရှို့မှုဖြစ်ပွားခဲ့တာပါ။

မီးရှို့တယ်လို့ ယူဆရသူ အလုပ်သမား ၁၇ ဦးကို မြို့နယ်ရဲစခန်းမှာ  ဖမ်းဆီးထားပြီး ရုံးထုတ်စစ်ဆေးနေတာပါ။

တရားလိုသက်သေတွေ ထွက်ဆိုပြီးတဲ့နောက် မြို့နယ်တရားရုံးက စွဲချက်အမိန့်ချလိုက်တာလို့ အလုပ်သမားဘက်က ရှေ့နေတဦးဖြစ်သူ ဦးအေးကျော်သန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအရာရှိ ဦးမျိုးထွဋ်ဝင်းက တရားလိုလုပ် စွဲချက်တင်ခဲ့တာဖြစ်ပြီး ပုဒ်မ ၄၂၇  ပစ္စည်းဖျက်ဆီးမှု၊ ပုဒ်မ ၄၅၂  တားမြစ်နယ်မြေကျူးကျော်မှု၊  ၄၃၆  အဆောက်အဦမီးရှို့မှု၊ ၁၁၄ ပြစ်မှုကျူးလွန်အောင် အားပေးအားမြှောက်ပြုလုပ်မှု စတာတွေ ပါဝင်တယ်လို့ ရှေ့နေက ပြောပါတယ်။

လာမယ့် ဇွန် ၉ ရက်နေ့ နောက်ထပ်ရုံးချိန်းရှိပြီး တရားခံပြသက်သေတွေ ခေါ်သွားရမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ မကွေးတိုင်း ငဖဲမြို့နယ် ဆင်ပြုံးရွာက ချင်းလူမျိုးတွေဖြစ်ပြီး လူငယ်အများစု ပါဝင်ကြောင်း၊ ရိုးရိုးသားသား လက်လုပ်လက်စားသမားတွေဖြစ်တဲ့အတွက် သူတို့ဘက်ကနေ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းလျှောက်လဲပေးသွားမယ်လို့  အမှုမှာ လိုက်ပါကူညီပေးနေသူ အခြားရှေ့နေတဦးဖြစ်သူ ဒေါ်ညိုညိုက ပြောပါတယ်။

မီးလောင်မှုကြာင့် ဓာတ်ငွေ့လှောင်ကန်နဲ့ ၂ ထပ်အဆောက်အဦတခု ကာလတန်ဖိုး စုစုပေါင်း ကျပ် သိန်းပေါင်း ၁၇၀၀ ဆုံးရှုံးခဲ့တယ်လို့ အန်းမြို့နယ်ရဲစခန်းက ခန့်မှန်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013