DVB Logo
Home
မြန်မာသတင်း
Rocket Fighter တပ်ဖွဲ့က မောင်းပြန်သေနတ်တလက်ဝယ်ယူနိုင်ရန် "ကံစမ်းမဲ" ကမ်ပိန်းပြုလုပ်
DVB
·
February 3, 2023
Rocket Fighter တပ်ဖွဲ့က မောင်းပြန်သေနတ်တလက်ဝယ်ယူနိုင်ရန် "ကံစမ်းမဲ" ကမ်ပိန်းပြုလုပ်
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့နဲ့ ဒေဝယက္ခတပ်ဖွဲ့တို့အတွက် မောင်းပြန်သေနတ်တလက်ဝယ်ယူနိုင်ဖို့ ကံစမ်းမဲ ကမ်ပိန်းတခု ပြုလုပ်နေတယ်လို့ Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်တောင်ပိုင်း Rocket Fighter တပ်ဖွဲ့နဲ့ ဒေဝယက္ခ တပ်ဖွဲ့တို့အတွက် အော်တိုမောင်းပြန်သေနတ်တလက် လိုအပ်နေတာကြောင့် ကံစမ်းမဲ ကမ်ပိန်းပြုလုပ်ရတာလို့ Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

မောင်းပြန်သေနတ်တလက်ကို ကျပ်သိန်း ၁၉၀ လောက်ပေါက်စျေးရှိပြီး ကံစမ်းမဲ လက်မှတ်တစောင်ကို ၁၀,၀၀၀ ကျပ်နှုန်းနဲ့ ဖေဖော်ဝါရီ ၂ ရက်ကစတင်ကာ လက်မှတ်အစောင်ရေ ၁၀၀၀ ရောင်းချပေးနေပြီး မတ်လ ၁ ရက်နေ့ ဖွင့်လှစ်ပေးမယ်လို့ ဆိုပါတယ်။

ပထမဆုအနေနဲ့ ရွှေဟန်းချိန်းတကုံး၊ ဒုတိယဆုက ရွှေလက်စွပ်တကွင်းနဲ့ တတိယဆုအနေနဲ့ ဖီချူးလက်ပတ်တခုကို ချီးမြှင့်ပေးသွားမယ်လို့ ဗိုလ်လပြည့်က ပြောပါတယ်။

Rocket Fighter တပ်ဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမျိုးစုံကို စမ်းသပ်ထုတ်လုပ်နေပြီး လက်ရှိအခြေနေမှာ ရန်ပုံငွေရရှိမှုနည်းပါးတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်ကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကို အရှိန်ဟုန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ မောင်းပြန်သေနတ်ဝယ်ယူနိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ Rocket Fighter ပေ့ချ်မက်ဆင်ဂျာကနေတဆင့် ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီအားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013