DVB Logo
Home
မြန်မာသတင်း
ဇွန် ၃ ရက်နေ့ မိုးလေ၀သခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
DVB
·
June 2, 2014
ဇွန် ၃ ရက်နေ့ မိုးလေ၀သခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
Donate to DVB

ဇွန်လ ၂ ရက်နေ့ မနက် (၇) နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါ တယ်။

ဇွန်လ ၃ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက်မြင့်တက်နိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ မြစ်ကြီးနားမြို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုး ၁၀.၂ ရှိနိုင်ပြီး လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကိုလျှော့နည်းနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ လွန်ကဲအဆင့်အောက်ကို လျော့နည်းနိုင်ခြင်းမရှိဘဲ အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ တောင်ကြီး မြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၂.၇ ကျရောက်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ၂၆ ဒီဂရီစင်တီဂရိတ် ကနေ ၃၂ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၃ ဒီဂရီစင်တီဂရိတ် ကနေ ၃၅ ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်း ကနေ ၅၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နဲ့ တနင်္သာရီတိုင်း တွေမှာမိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့သေချာမှုအနေနဲ့ ၈၀ ရာခိုင်နှုန်း အထိသေချာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့သေချာမှုအနေနဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်း တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့်ဖြစ်ထွန်း နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013