DVB Logo
Home
Lead Story
နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် မရောင်းရန် သတိပေး
DVB
·
June 2, 2014
နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် မရောင်းရန် သတိပေး
Donate to DVB

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက် ရောင်းချနေကြတာတွေဟာ ဥပဒေကို ဖောက်ဖျက်နေကြတာ ဖြစ်လို့ ရောင်းချမှု အားလုံးရပ်တန့်ကြပါ ဆိုတဲ့ သတိပေး နှိုးဆော်မှုတခု ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

Beer & alcohol copyဖော်ပြချက်ထဲမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်တွေ မြန်မာနိုင်ငံထဲ နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နေကြောင်း၊ အဲဒီအတွက် ပြည်တွင်းမှာ တရားဝင် အခွန်ဆောင်ပြီး ထုတ်လုပ်နေတဲ့ အရက်၊ ဘီယာနဲ့ စီးကရက်လုပ်ငန်းရှင်တွေ နစ်နာနေတဲ့ အကြောင်း ဖော်ပြထားပါတယ်။

အစိုးရဟာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားဆဲ ဖြစ်ပြီး လေဆိပ် အခွန်လွတ်ဆိုင်နဲ့ နိုင်ငံခြားသားတွေ တည်းခိုတဲ့ဟိုတယ်တွေမှာပဲ ရောင်းဖို့ တင်သွင်းခွင့်ပေးထားပါတယ်။

လောလောဆယ် ရန်ကုန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား ကုန်တိုက်၊ စတိုးဆိုင်၊ လစ်ကွာဟောက်စ်နဲ့ စတိုးဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် အားလုံးဟာ တရားမ၀င် မှောင်ခိုတင်သွင်းလာတာတွေချည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013