DVB Logo
Home
မြန်မာသတင်း
ဇွန် ၁ ရက်နေ့ကစ ငါးပြန်ဖမ်းနိုင်ပြီ
DVB
·
June 2, 2014
ဇွန် ၁ ရက်နေ့ကစ ငါးပြန်ဖမ်းနိုင်ပြီ
Donate to DVB

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ငါးမဖမ်းရ ရာသီ ၂ လ သတ်မှတ် ထားခဲ့ရာကနေ ဇွန် ၁ ရက်နေ့ကစ ငါးဖမ်းလုပ်ငန်း အားလုံး ပြန်လည် ခွင့်ပြုလိုက်ပြီလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ကြေညာပါတယ်။

shipငါးမဖမ်းရ ရာသီအတွင်း ငါးဖမ်းသင်္ဘော ၆၅ ရာခိုင်နှုန်းပဲ ငါးဖမ်းခွင့် ပြုထားတာကနေ အခု အားလုံးကို ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရေထွက်ကုန် တင်ပို့ခြင်းလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ -၁၄ ဘဏ္ဍာရေးနှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ရေထွက်ကုန် တင်ပို့မှု ကျဆင်းရခြင်း အကြောင်းရင်းဟာ မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတ နည်းပါးလာတာ၊ ဖမ်းဆီးရမိတဲ့ ငါးပုစွန်အရွယ်အစားတွေ စံချိန်မမီ သေးငယ်လာတာတွေကြောင့် ဖြစ်တယ်လို့ အဏ္ဏ၀ါဒေ၀ီ ငါးလုပ်ငန်းရဲ့ တာဝန်ရှိသူ ဒေါ်တိုးနန္ဒာတင်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က နော်ဝေ သုတေသနသင်္ဘောဟာ မြန်မာ့ရေပိုင်နက်မှာ ငါးသယံဇာတ ဆိုင်ရာ သုတေသန တခု လုပ်ခဲ့ပြီး ရလဒ်ကိုတော့ မကြာမီ သိရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013