DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာ ၆၄ ဦး ရနောင်းတွင် ဖမ်းမိ ( သတင်းတို )
DVB
·
June 2, 2014
ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာ ၆၄ ဦး ရနောင်းတွင် ဖမ်းမိ ( သတင်းတို )
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ မေ ၃၁ ရက်နေ့က တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာ ၆၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

557000006298602နယ်မြေထဲမှာ လူကုန်ကူးအဖွဲ့ လှုပ်ရှားမှုရှိကြောင်း ကြိုတင်သတင်းရထားချက်အရ  အမှတ် ၂၅ အထူးစစ်ဆင်ရေး တပ်လက်အောက်ခံ တပ်မဟာ ၂၅၂ က တပ်ဖွဲ့ဝင်တွေဟာ ကရပူရီမြို့နယ်  ဟင်မိုင်ကျေးရွာအုပ်စုက ဆီအုန်းခြံ တခုထဲကို ၀င်ရောက်စစ်ဆေးရာမှာ ဟိုင်းလပ်ကား ၂ စီးနဲ့ တင်ဆောင်လာတဲ့ အဲဒီလူတွေကို ဖမ်းမိတာလို့ တပ်ခွဲမှူး ဗိုလ်မှူး ဆုရဆဒ်ဒီး ဖိန့်ယမ့်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့တွေဟာ အဲဒီခြံထဲမှာ တထောက်နားနေတာ ဖြစ်ပြီး ကားမောင်းသမား ထိုင်းလူမျိုး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ကျန်တဲ့လူ ၆၄ ဦးကိုတော့ ဆက်လက်အရေးယူဖို့ ရနောင်းခရိုင် လ၀ကရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ တပ်ခွဲမှူးက ပြောပါတယ်။ ဖမ်းမိသူ ၆၄ ဦးမှာ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်ကာ အသက် ၂၀ နဲ့ ၄၀ ကြားရှိတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့တွေဟာ မြန်မာဘက်ခြမ်းကနေ ၀င်လာပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ၊ ဆုန်ခရာနဲ့ ဖူးခတ်စတဲ့အရပ်ဒေသမှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ပွဲစားခ ၁ ဦးကို ဘတ် ၃ ထောင်ကနေ ၈ ထောင်အထိ ပေးရကြောင်း၊ ပွဲစားက အရင်ငွေစိုက် ထားကာ လုပ်ခထဲကနေ ဖြတ်သွားဖို့ သဘောတူထားတယ်လို့ တပ်ခွဲမှူးအပြောကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013