DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည် ကလေးငယ်တွေရဲ့ ပန်းချီပြပွဲပြုလုပ်
DVB
·
June 1, 2014
ဒုက္ခသည် ကလေးငယ်တွေရဲ့ ပန်းချီပြပွဲပြုလုပ်
Donate to DVB

မိတ္ထီလာနဲ့ ရခိုင်ဒေသက ဒုက္ခသည်ကလေးငယ်တွေရဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီပန်းချီပြပွဲကို ဖေ့စ်ဘုတ်ပေါ်က သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး စိတ်ဓာတ်မြှင့်တင်ပေးခဲ့တဲ့ ကိုစိုင်းဟန်ထိုက်က ပြုလုပ်လိုက်တာပါ။

Children Drawကလေးငယ်တွေကို သွားရောက်ကူညီဖြစ်ခဲ့တဲ့အကြောင်းကိုတော့ ကိုစိုင်းဟန်ထိုက်က အခုလို ပြောပါတယ်။

“မိတ္ထီလာ အရေးအခင်း စဖြစ်ပြီးတော့ တပတ်မှာ ဒီအစီအစဉ် စလုပ်တာ။ အပြင်ကြားတာက အစုံပဲ၊ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ကလေးတွေဆီက ကြင်နာမှုတွေ ပြန်ရတာ ရှိတယ်။ ကလေးတွေဆီက လက်ဆောင်တချို့တောင် ပြန်ရဖူးတာ တွေရှိတယ်။ တကယ်လက်တွေနဲ့ တခြားစီပါ။”

အခုလို ကလေးတွေကို ကူညီဖို့အတွက် ဖေ့စ်ဘုတ်ပေါ်ကနေ သူ့ရဲ့ ဆန္ဒတွေကို ရေးသားလေ့ရှိပြီး အပြင်မှာ မသိကျွမ်းတဲ့ သူငယ်ချင်းတွေက သူ့ကို ကူညီကြတယ်လို့လည်း ကို စိုင်းဟန်ထိုက်က ပြောပါတယ်။

ဒီပြပွဲကိုလည်း ဖေ့စ်ဘုတ်က သူငယ်ချင်းတွေအများဆုံးလာရောက်ကြတာလည်း ဖြစ်ပါတယ်။

ပြပွဲမှာ ဒုက္ခသည်စခန်းတွေကို သွားတုန်းက အသက် ၇ နှစ်ကနေ ၁၃ နှစ်အရွယ် ကလေးတွေကို ပြိုင်ပွဲပြုလုပ်ရေးဆွဲစေခဲ့တဲ့ ပန်းချီကား ၃၀၀ လောက်ကို ပြသနေတာပါ။

ဒီပန်းချီကား ရောင်းရငွေတွေကိုတော့ ရခိုင်ဒေသက ဒုက္ခသည်ကလေး ၂ သောင်းကျော်ကို သွားရောက်ကူညီမှာ ဖြစ်တယ်လို့ ကို စိုင်းဟန်ထိုက်က ပြောပါတယ်။

အခုလို သွားရောက်ကူညီရာမှာ တွေ့ကြုံရတာတွေကိုလည်း ကိုစိုင်းဟန်ထိုက်က အခုလို ပြောပါတယ်။

“အကြီးဆုံး အခက်အခဲက ဘာသာရေးပေါ့။ မလိုလားတဲ့ သူတွေ ရှိတာကိုး။ သူတို့ကို လိုက်ကူညီနေတဲ့အချိန်မှာ မလိုလားသူတွေကို အများကြီး ကြုံရတယ်။ မသိမသာ နှောင့်ယှက်တာတွေ တော်တော်လေး ကြုံရပါတယ်။”

အခုအချိန်ထိ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ပစ္စည်း လက်ဆောင်တွေနဲ့ စားစရာ ကျပ်သိန်း ၅၀၀ ကျော်ဖိုး လှူဒါန်းပြီးဖြစ်တယ်လို့ ကိုစိုင်းဟန်ထိုက်ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013