DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့် ခင်ဦးမြို့နယ်တို့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများကို စားသောက်ကုန်များ ထောက်ပံ့
DVB
·
February 1, 2023
ဂန့်ဂေါနှင့် ခင်ဦးမြို့နယ်တို့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများကို စားသောက်ကုန်များ ထောက်ပံ့
1 / 3
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ အိမ်ခြေ ၅၀၀ ကျော်ကို ဇန်နဝါရီ  ဒုတိယပတ်မှ စတင်ကာ ပြည်တွင်း ပြည်ပ အလှူရှင်တွေနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒုတိယအကြိမ် သိန်း ၄၀ ကျော်တန်ဖိုးရှိ အခြေခံစားသောက် ကုန်တွေ ထောက်ပံ့ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

"ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူ‌တွေအတွက် ကူညီထောက်ပံ့တာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ခင်ရန်း၊ လယ်ကြီး၊ ရေသာ၊ ချောင်းကောက်၊ စန်းမြို့၊ ထယ်လှော်၊ သင်တော၊ ရဲလှ ကျေးရွာတွေက စစ်ဘေးရှောင်၊ မီးဘေးသင့် အိမ်ခြေ ၅၀၀ ကျော်ကို သိန်း ၄၀ တန်ဖိုးရှိ ဆန်၊ဆီ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီခဲ့ပါတယ်" လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်‌ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျဆုံးသွားသူတွေနဲ့ စစ်ဘေးရှောင် မီးဘေးသင့်သူတွေကို ပထမအကြိမ်အဖြစ် Chin Humanitarian and Relief Committee ရဲ့ ထောက်ပံ့မှုနဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးအတွက် တဦးကို ငွေကျပ် ၂ သိန်းစီ စုစုပေါင်း ငွေကျပ် ၃၄ သိန်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စီမံကာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူ‌တွေအတွက် ဆက်လက် ကူညီထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်း/ပြည်ပမှ အလှူရှင်တွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ ဂန့်ဂေါ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၆ ရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဆန်အိတ် ၁၂၄ အိတ် လှူဒါန်းပေးခဲ့လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါလှူဒါန်းမှုကို Mogok Dhamma Trust အဖွဲ့က ဦးဆောင်ပြီး အမိ‌မြေချစ်မေတ္တာရှင်များမှတဆင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီ လှူဒါန်းခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) က မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၆ ရွာကို လှူဒါန်းပေးခဲ့တာလို့ ခင်ဦး KSO အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“လှူဒါန်းတာကတော့ မနေ့က လှူဒါန်းပေးခဲ့တာပါဗျ။ လှူဒါန်းပေးတဲ့ရွာတွေက စောကြီးကျေးရွာ၊ သနပ်စိန်ကျေးရွာ၊ ရွှေကာကျေးရွာ၊ မဒေါင်းကြီးကျေးရွာ၊ အလယ်ရှိုရွာ အဲဒီကျေးရွာ ၆ ရွာက မီးဘေးသင့်အိမ်ခြေ စုစုပေါင်း ၆၈၀ ကို အလှူရှင်တွေကိုယ်စား ကျနော်တို့ ခင်ဦးဒေသခံ ကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ KURDAF အဖွဲ့က လှူဒါန်းပေးခဲ့တာဗျ။”

KURDAF အဖွဲ့ဟာ Khin U Specialforce Organization_KSO၊ Armed Revolutionary Force - KU၊ Narapati Local Guerrilla Revolution Force၊ TIGER - Local People Defence Force Khin U၊ KhinU Warrior Force၊ KhinU Dragon အဖွဲ့တွေ ပူးပေါင်းတည်ထောင်ထားတာလို့ သိရပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီမှုတွေပေးနေသလို စစ်ကောင်စီက ဇန်နဝါရီ ၃၀ ရက်ကနေ ၃၁ ရက်အထိ အင်္ကြင်းပင်ရွာ၊ စိုင်ဒူးရွာ၊ ဗျိုင်းကြိုင်ရွာ၊ ရုန်းစုကျေးရွာ၊ ညောင်ပင်ကြီးစုကျေးရွာကို လက်ရှိ ညနေ ၅ နာရီအထိ မီးရှို့နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013