DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် အာဏာသိမ်းနှစ်ပတ်လည်နေ့ ကျောင်းမတက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
DVB
·
January 31, 2023
ဒလမြို့နယ်တွင် အာဏာသိမ်းနှစ်ပတ်လည်နေ့ ကျောင်းမတက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်အနေနဲ့ ပြည်လုံးကျွတ် အသံတိတ်သပိတ်မှာပါဝင်ဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်နေသလို ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အထက်တန်းကျောင်းတွေမှာ အဲဒီနေ့မှာ ကျောင်းမတက်ရင် ကျောင်းသားတွေကို အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေက ကျောင်းသားတွေကို ဖိအားပေးနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဒလမြို့နယ်ထဲမှာရှိတဲ့ အခြေခံပညာကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို ကျောင်းဆင်းခါနီးအချိန်မှာ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းတွေကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျောင်းကို မဖြစ်မနေလာကြဖို့နဲ့ မလာတဲ့ကျောင်းသားတွေကို ရုံးခန်းခေါ်ပြီး အရေးယူမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ဒါ့အပြင် ဒလမြို့နယ်ထဲမှာရှိတဲ့ ဈေးဆိုင်ခန်းတွေကိုလည်း မပိတ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဈေးဆိုင်ခန်းတွေကို ဖိအားပေးတာတွေရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မဲမသမာမှုကို အကြောင်းပြပြီး စစ်တပ်က နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ သိမ်းယူခဲ့တာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်အနေနဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုဖြစ်တဲ့ Silent Strike (အပြင်မထွက် ငြိမ်သက်တိတ်ဆိတ်ခြင်း သပိတ်) ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပူးပေါင်းပါဝင်ကြဖို့ တော်လှန်ရေး သပိတ်အင်အားစုတွေက တိုက်တွန်းထားသလို အသံတိတ်သပိတ်ကို ဉာဏ်နဲ့ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013