DVB Logo
Home
နိုင်ငံတကာ
အီရန်အပေါ် နောက်ဆုံးအကျော့ တိုက်ခိုက်မှု ပြီးစီးကြောင်း အမေရိကန် ထုတ်ပြန်
DVB
·
July 14, 2026
Photo: U.S. Central Command/Handout via REUTERS
Photo: U.S. Central Command/Handout via REUTERS
Donate to DVB

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံအပေါ် နောက်ဆုံးအကျော့ တိုက်ခိုက်မှုကို ပြီးမြောက်အောင်မြင်သွားပြီလို့ ဇူလိုင် ၁၃ ရက် ညပိုင်းမှာ ပြောကြားလိုက်ပြီး ဒါဟာ အီရန်ပစ်မှတ်တွေအပေါ် ၃ ည ဆက်တိုက် စစ်ရေးအရ အရေးယူတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က “၅ နာရီကြာ ဒီစစ်ဆင်ရေးအတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်တဝန်းက စစ်ရေးပစ်မှတ်တွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်”လို့ X လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။

အီရန်ရဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်နိုင်စွမ်း ပိုမိုအားနည်းသွားစေဖို့ ရည်ရွယ်ပြီး ကမ်းခြေကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်နဲ့ ဒရုန်းစခန်းတွေအပြင် ရေကြောင်းစွမ်းရည်တွေကို တိကျသေချာတဲ့ လက်နက်ခဲယမ်းတွေ သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်တဝန်းက ဘူရှာရ်၊ ချာဘဟာ၊ ဂျက်စ်ခ်၊ ကိုနာရတ်ခ်၊ အဘူမူဆာနဲ့ ဘန်ဒါအပ်ဘာ့သ်မြို့တွေက စစ်ရေးပစ်မှတ်တွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ X လူမှုကွန်ရက်စာမျက်နှာ ထုတ်ပြန်ပါတယ်။

အမေရိကန်စစ်တပ်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်လို့ ကြေညာပြီး မကြာခင်မှာပဲ အီရန်နိုင်ငံရဲ့ ဘန်ဒါအက်ဘာ့စ် ဆိပ်ကမ်းမြို့၊ အီရန်ရဲ့ ကစ်ရှ်နဲ့ ကက်ရှ်မ်ကျွန်းစုတွေနဲ့ ပင်လယ်ကွေ့ထဲက အဘူမူဆာကျွန်းစုတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အီရန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းဒေသတဝန်းမှာ အမေရိကန်စစ်သည်အင်အား ၅၀,၀၀၀ ကျော် ဖြန့်ကြက်ထားပြီး အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ နိုးနိုးကြားကြားရှိနေကာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အစောပိုင်းက ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အရေးပါတဲ့ ရေလမ်းကြောင်းကို ပိတ်ပစ်လိုက်ပြီလို့ ပြီးခဲ့တဲ့ပိတ်ရက်က အီရန်ရဲ့ ကြေညာချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

ဒါ့အပြင် စစ်ပွဲရပ်တန့်ဖို့အတွက် ယာယီသဘောတူညီချက် ရရှိနိုင်ခြေအပေါ် သံသယတွေ ပိုတိုးလာစေသလို ရေနံဈေးနှုန်းတွေလည်း မြင့်တက်သွားခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013