DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက် မြန်မာ ပယ်ချ
DVB
·
June 1, 2014
ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက် မြန်မာ ပယ်ချ
Donate to DVB

နှစ်နိုင်ငံနယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွပ်စွဲပြောကြားချက်များ မမှန်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

soldiersမေလ ၂၈ ရက်က ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၁ နဲ့ ၅၂ ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့သူတဦးဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တပ်ကြပ်တဦး ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုချက်နဲ့ မေလ ၃၀ ရက်တိုက်ပွဲမှာ အလောင်းယူဖို့လာတဲ့ သူတို့တပ်ဖွဲ့ကို မြန်မာဘက်က စတင်ပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို မြန်မာဘက်က ပယ်ချလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မေလ ၂၈ ရက်မှာ အ၀ါရောင် ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဘင်္ဂါလီ ၂ ဦး မြန်မာပိုင်နက်ထဲဝင်လာလို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဘင်္ဂါလီတဦး သေဆုံးခဲ့ပါတယ်။ ဒီ ဘင်္ဂါလီ ၂ ဦးဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ယူနီဖောင်း ၀တ်မထားဘူးလို့ သိရပါတယ်။

တခါ မေလ ၃၀ ရက်မှာ အသေဖမ်းမိတဲ့အလောင်းကို အခင်းဖြစ်ပွားခဲ့တဲ့ မိုင်တိုင် ၅၂ အနီး လာယူဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အကြောင်းကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က အလောင်းသယ်ဖို့ မိုင်တိုင် ၅၀ နားမှာ စောင့်ဆိုင်းနေတယ်ဆိုတာ ဆီလျော်မှု မရှိဘူး။ မြန်မာဘက်က စတင်ပစ်ခတ်တယ်ဆိုတာလည်း မမှန်ဘူးလို့ ဖော်ပြထားပါ တယ်။

ရခိုင်ပြည်နယ်မောင်တောနယ်စပ်အနီးမှာ မေလ ၁၃ ရက်ကစပြီး မေလ ၃၀ ရက်အထိ အနည်းဆုံး တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဘက်စလုံးမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က အာအက်စ်အို ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကလို့ ယူဆကြောင်း ပြောဆိုထားပါတယ်။

မောင်တောမြိုခံ ဦးလှမြင့် က မောင်တောမြို့ပေါ်မှာ ပုံမှန်အခြေအနေပဲရှိပြီး အခုတိုက်ခိုက်မှု တွေဟာ တဖက်နိုင်ငံထဲ ခိုအောင်းလှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်ဖို့များတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အမြင်ကတော့ ဒီလိုပါ တကယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် သာဖြစ်လို့ရှိရင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ တံဆိပ်တွေ၊ နာမည်ပါတဲ့ ရင်ဘတ်တံဆိပ်တွေ ပါရမှာ။ ကျနော်တို့ ကြားရသလောက် အဲဒါတွေလည်း မတွေ့ရဘူး။ နောက်သူတို့ကိုင်ထားတဲ့ သေနတ်ကလည်း M22 ဆိုတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကိုင်တဲ့ သေနတ်လည်း မဟုတ်ဘူးလေ။ အဲဒီလိုမျိုးတွေ ကွဲလွဲနေတယ်။ ဒါပေမယ့် တခုပြောချင်တာက မြန်မာဘက်က ရဲ ၄ ယောက် ကျသွားတဲ့အချိန်မှာ ဘာမှမပြောဘူး။ ဟိုဘက်က ၁ ယောက် ကျတာနဲ့ကို အဲဒီလို အော်တယ်ဆိုတော့ နည်းနည်းလောက် ခပ်မိုက်မိုက် ပုံစံမျိုးတွေ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ဒီလိုဖြစ်နေတာတွေက ရခိုင် - ရိုဟင်ဂျာ အဓိကရုဏ်းတွေကို အခြေခံပြီးတော့ အဲဒါကို ဖြစ်လာတယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီးတော့ သန်းခေါင်စာရင်းကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့အဖျက်လုပ်ငန်းတွေ လုပ်ဖို့ အဲဒီလို ပုံစံမျိုးပဲ ထင်ပါတယ်။”

မြန်မာဘက်က စစ်အင်အားတိုးချဲ့လာတာမျိုးလည်း မတွေ့ရဘူးလို့ ပြောပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှုး ဦဇော်ဌေးကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြသနာတွေကို နှစ်နိုင်ငံ သံတမန်နည်းနဲ့ ညှိနှိုင်းဖြေရှင်းနေတယ်လို့ မေလ ၃၁ ရက်က ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013