DVB Logo
Home
မြန်မာသတင်း
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒီဗွီဘီ အဖွဲ့ကို ဖိတ်ပြီးမှ တက်ခွင့်မပြု
DVB
·
May 31, 2014
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒီဗွီဘီ အဖွဲ့ကို ဖိတ်ပြီးမှ တက်ခွင့်မပြု
1 / 2
Donate to DVB

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ဖိတ်ကြားချက်အရ ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့ မနက် ၉ နာရီမှာ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိလာတဲ့ ဒီဗွီဘီ ကိုယ်စားလှယ်အဖွဲ့ကို လွှတ်တော်ထဲ ၀င်ခွင့်မပြုနိုင်ကြောင်း လွှတ်တော် ၀င်ပေါက်မှာ တားမြစ်ခံရပါတယ်။

10309335_711026368935866_1146903631151132747_nအဲ့ဒီ့ အစည်းအဝေးနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ဆက်ဆံရေးနဲ့ အားကစား ယဉ်ကျေးမှု ကော်မတီက ဒီဗွီဘီ အဖွဲ့အပါအ၀င် မြန်မာစာနယ်စင်းကောင်စီနဲ့ သတင်းဌာန ပေါင်းစုံက သတင်းထောက် ၂၃ ယောက်ကို ဖိတ်ကြားခဲ့တာဖြစ်ပီး အခြားသူအားလုံး ၀င်ခွင့်ရ ပေမယ့် ဒီဗွီဘီအဖွဲ့ကို ပေးမ၀င်ခဲ့တာပါ။

လုံခြုံရေးတာဝန်ကျသူတွေကို ဘာကြောင့် အခုလို တားဆီးရတာလဲဖို့ မေးမြန်းတဲ့အခါမှာ ဥပဒေကြမ်းကော်မတီ အတွင်ရေးမှူး ဦးစောလှထွန်းက နှုတ်နဲ့ ညွှန်ကြားထားလို့ အခုလို တားမြစ်ရကြောင်း ပြောပါတယ်။

ဦးစောလှထွန်းကို ဖုန်းနဲ့ သွယ်မေးမြန်းတဲ့အခါမှာတော့ စာနယ်ဇင်းကောင်စီနဲ့ ပြည်တွင်း ဂျာနယ်တွေကို ဖိတ်ကြား ရှင်းပြအကြံပြုချက်ယူတာဖြစ်ပြီး နားလည်မှုလွဲပြီး ဖိတ်ကြားတာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

လွှတ်တော်ပရ၀ဏ် အတွင်းမှာရှိတဲ့ စီ ဆောင် ဒုတိယထပ် ပူးပေါင်းကော်မတီ အစည်းအဝေး ခန်းမမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013