DVB Logo
Home
မြန်မာသတင်း
တနင်္သာရီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
January 28, 2023
တနင်္သာရီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်ရဲစခန်းကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် ထိခိုက် သေဆုံးတာ‌တွေရှိတယ်လို့ သိရပြီး ‌အတိအကျကိုတော့ အတည် မပြုနိင်သေးဘူးလို့ ဆိုပါတယ်။

ဒေသခံ တဦးကတော့"ဒရုန်းကြဲခံရပြီးတာနဲ့ တနင်္သာရီတံတားကို ပိတ်ချလိုက်တယ်။ အင်အား လည်းထပ်ဖြည့်နေတယ်လို့ ကြားတယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေကြတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်"လို့‌ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လဝကဦးစီးအရာရှိနေအိမ်၊ စစ်ဆေးရေးတံတားဂိတ်၊ မြို့ပေါ် စရဖရုံးနဲ့ လက်နက်ကြီး ပစ်တဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013