DVB Logo
Home
မြန်မာသတင်း
အဆိုတော် ချမ်းချမ်း အက်ဒလေမြို့၌ ရန်ပုံငွေဂီတဖျော်ဖြေပွဲ သီဆိုမည်
DVB
·
January 28, 2023
အဆိုတော် ချမ်းချမ်း အက်ဒလေမြို့၌ ရန်ပုံငွေဂီတဖျော်ဖြေပွဲ သီဆိုမည်
Donate to DVB

နိုင်ငံကျော်တေးသံရှင် ချမ်းချမ်းဟာ စစ်ဘေးဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေပေးဖို့ ဩစတြေးလျနိုင်ငံ၊ အက်ဒလေမြို့၊ Holy Family Catholic School မှာ ဇန်နဝါရီ ၂၈ ရက်နေ့  ဖျော်ဖြေတင်ဆက်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဖျော်ဖြေခဲ့ရာမှာ ရန်ပုံငွေ ဩစတြေးလျ ဒေါ်လာ ၈၀,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

အက်ဒလေမြို့မှာ ဖျော်ဖြေပြီးရင်တော့ အဆိုတော် ချမ်းချမ်းဟာ မဲလ်ဘုန်း၊ ပတ်သ်နဲ့ ဘရစ္စဘိန်းမြို့တွေကိုလည်း ဆက်လက်သွားရောက်   ဖျော်ဖြေပေးသွားမယ်လို့ "Chan Chan Australia Tour 2023" ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ  တရား၀င် ကြေညာထားပါတယ်။ 

ချမ်းချမ်းရဲ့ လူသားချင်းစာနာမှု အရေးပေါ် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၀၀၊ ၇၀၊ ၄၀ သတ်မှတ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို အမျိုးသားညွတ်ရေး အစိုးရ NUG ထံ ပေးအပ်သွားမယ်လို့ ချမ်းချမ်းရဲ့ တရား၀င် လူမှုကွန်ရက်မှာ ပြောပြထားပါတယ်။

ဩစတြေးလျရောက် ပြည်သူတွေ လာရောက်အားပေးကြဖို့နဲ့ ဆစ်ဒနီမြို့မှာ ဖျော်ဖြေခဲ့တဲ့ပွဲမှာ ပြည်ပရောက် ပရိသတ်တွေတစ်ခဲနက် အားပေးကြလို့ ပျော်ရွှင်ရပါတယ်လို့လည်း ပြောပါတယ်။ 

အဆိုတော် ချမ်းချမ်းဟာ နွေဦးတော်လှန်ရေးအတွက် သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပါ၀င်ကူညီပေးသူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်း၀ရမ်းထုတ်တာ ခံထားရသူတဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013