DVB Logo
Home
မြန်မာသတင်း
မြန်မာ့စတော့အိတ်ချိန်းပေါ်လာရန် ကျွမ်းကျင်မှုနှင့် လိုအပ်ချက်များ ရှိနေ
DVB
·
May 31, 2014
မြန်မာ့စတော့အိတ်ချိန်းပေါ်လာရန် ကျွမ်းကျင်မှုနှင့် လိုအပ်ချက်များ ရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဈေးကွက်ဖြစ်ပေါ်လာဖို့ ကျွမ်းကျင်သူတွေအပါအ၀င် တခြားလိုအပ်ချက်တွေလည်း ကျန်ရှိနေသေးတယ်လို့ စတော့ရှယ်ယာကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုနေပါတယ်။

20130905-stock-300x210အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC သဘောတူညီချက်အရ လာမယ့် ၂၀၁၅ ခုနှစ် ကျရင် နိုင်ငံတကာအဆင့်မီ စတော့အိတ်စ်ချိန်းဈေးကွက် ပေါ်ပေါက်လာဖို့အတွက် မြန်မာနိုင်ငံက အာဆီယံ ဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူထားပြီးဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ကလည်း ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မီ စတော့အိတ်စ်ချိန်း ဈေးကွက် ပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနဲ့ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့က ဖက်စပ် ပူးပေါင်းပြီး ရန်ကုန်စတော့အိတ်စ်ချိန်းဈေးကွက်ကို လာမယ့် ၂၀၁၅ မှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေအရ စတော့ဈေးကွက်ဖြစ်ပေါ်လာဖို့က လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ စတော့ဈေးကွက်ကျွမ်းကျင်သူ စီးပွားရေးပညာရှင် ဒေါက်တာအောင်သူရ (Thura Swiss) က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရက စတော့အိတ်စ်ချိန်းဈေးကွက် ပေါ်ပေါက်လာဖို့ ကနဦးအဆင့်အနေနဲ့ ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၃၁ ရက်နေ့က ပြဋ္ဌာန်းထားပြီး ဖြစ်ပေမယ့် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေက မထွက်သေးပါဘူး။

စီးပွားရေးမူဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက အစုရှယ်ယာဈေးကွက် တခုဟာ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကနေ ဖွံ့ဖြိုးပြီးအဆင့်ရောက်ဖို့ မောင်းနှင်စွမ်းရှိတာကြောင့် တိုင်းပြည်မှာ အစုရှယ်ယာဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လာမည့် ၂၀၁၅ ခုနှစ်ကျရင် ရန်ကုန် စတော့အိတ်ချိန်းပေါ်ပေါက် လာဖို့အတွက် အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ စတင်သွားဖို့ ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပေမယ့် ဘယ်ကုမ္ပဏီတွေဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။

အစိုးရက အကောင်အထည်ဖော်မယ့် ရန်ကုန်စတော့ဈေးကွက်မှာ မြန်မာက ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဒိုင်ဝါကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဂျပန်အကြား သဘောတူထားပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013