DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ရေး ကဗျာနှင့်ကာတွန်း ဆရာများ စုပေါင်းလက်မှတ်ထိုး
DVB
·
May 30, 2014
ပုဒ်မ ၄၃၆ ပြင်ရေး ကဗျာနှင့်ကာတွန်း ဆရာများ စုပေါင်းလက်မှတ်ထိုး
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပြည်တွင်းက ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေ ဒီကနေ့ စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကဗျာဆရာတွေက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက The Last Leaf ပြခန်းမှာ လက်မှတ်ထိုးကြပြီး ကာတွန်းဆရာတွေကတော့ ၃၅ လမ်း အလယ်ဘလောက်က Capacity Development Centre မှာ စုပေါင်း လက်မှတ်ထိုးကြတာပါ။

Cartoonလက်မှတ်လာထိုးဖြစ်တဲ့အကြောင်း ကာတွန်းဆရာ ရွှေမင်းသားက “လက်မှတ်ထိုးတယ်ဆိုတာက မကြိုက်လို့ ပြင်ပေးပါ သို့မဟုတ် ပြောင်းပေးပါဆိုတဲ့ သဘောပေါ့နော်။ ကျနော့်မျှော်လင့်ချက်က သူတို့အပေါ်မှာ မူတည်တယ်။ တကယ်လို့ ကပ်သပ်ပြီးတော့ ခွင့်မပြုဘူးဆိုရင်တော့ အားလုံးအတိုင်းအတာအရ ဘာမှ မတတ်နိုင်ဘူး ပေါ့နော်။ သူတို့က မကပ်သပ်ဘူး ပြင်ပေးမယ်ဆိုရင် ဖြစ်နိုင်တာပဲ။ လူရေးတဲ့ စာလုံးဟာ လူပြင်လို့ရတာပဲ။ အဲဒီသဘောပါပဲ။ အားလုံးရဲ့ဆန္ဒဟာ လိုအပ်လို့ ပြင်ခိုင်းတယ်၊ သူတို့ပြင်ပေးရင် အားလုံးရဲ့ဆန္ဒကို လိုက်လျောတာပေါ့။ ပြင်မပေးဘူးဆိုရင် မလိုက်လျော ဘူးပေါ့။ သူတို့အပေါ်မှာ မူတည်တယ်လို့ သဘောထားပါတယ်” လို့ ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ ဆရာအော်ပီကျယ်က “ကျနော်တို့ လက်မှတ် ဘယ်လိုထိုးထိုး မပြင်ဘူး ကျနော်သိတယ်။ ပြင်တာ မပြင်တာ သူကိစ္စ၊ သမ္မတကလည်း မပြင်ဘူးဆိုတာ သူတယောက်တည်း သဘောထားပေးတာလေ၊ တပြည်လုံးစာ သူပြောခွင့်မရှိဘူး။ ကျနော်တို့ကလည်း ကိုယ့်တယောက်စာ ကိုယ်ပြောမယ် ဒါပါပဲ” လို့ ပြောပါတယ်။

ကဗျာဆရာ ဆရာစောဝေကတော့ မနှစ်က တောင်တွင်းကြီးနဲ့ အောင်လံမြို့တွေမှာ မြို့ထဲကို လှည့်လည်ပြီး ပုဒ်မ ၄၃၆ နဲ့ပတ်သက်တဲ့ ကဗျာတပုဒ်ရွတ်ခဲ့ဖူးကြောင်းနဲ့ အဲဒီကဗျာရဲ့ ဆိုလိုရင်းကို သူက အခုလို ပြောပြပါတယ်။

“အခြေခံဥပဒေဆိုတာ ပြည်သူတိုင်း အသားအရောင်၊ ဘာသာ၊ လူမျိုးမခွဲခြားပဲ တိုင်းပြည်မှာရှိတဲ့ ပြည်သူတိုင်းနဲ့ ဆိုင်တဲ့ ဥပဒေတရပ်။ အဲဒီ ဥပဒေတရပ်ကို ပြည်သူအားလုံး သိဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့ဆိုရင် ဒီဥပဒေကြီးဟာ ဘယ်တော့မှ အတည်အခြေကြာကြီး ဖြစ်မနေရဘူး။ အခြေအကြာကြီး ဖြစ်နေတဲ့ ဥပဒေဆိုတာလည်း ဘယ်နိုင်ငံမှ မရှိဘူး။ ပြည်သူလူထုရဲ့ ယနေ့ စားဝတ်နေရေး တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဟာကို အချိန်မရွေးပြောင်းလွယ် ပြင်လွယ် ဖြစ်ရမယ်ဆိုတဲ့ ဟာမျိုးကို အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေကို အသိပေးတဲ့ဟာမျိုး၊ အဲဒီမှာ အဲဒီလို လုပ်မယ်ဆိုတာ ဒီအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ဟာဖြင့် အရေးကြီးပါဆိုတာ အဲဒီကဗျာထဲမှာ ထည့်ရွတ်တာဗျ။”

အလားတူ မန္တလေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်- အထက်မြန်မာပြည်က အဖွဲ့ဝင် ၁၀၀ လောက် စုပေါင်းပြီး ပဒုမ္မာခန်းမမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့ကြပါတယ်။

မန္တလေးမြို့က ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေကတော့ လှုံ့ဆ်ာရေး အသွင်ဖြစ်အောင်အတွက် ပြီးခဲ့တဲ့ ရက်ပတ်ကပဲ မန္တလေးတိုင်း အန်အယ်လ်ဒီရုံးမှာ စာပေါင်းလက်မှတ်ထိုး ဆန္ဒပြုခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းမကျတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ၊ လက်မှတ်ထိုး လူထုဆန္ဒခံယူပွဲတွေကို နိုင်ငံအနှံ့မှာ ရက်ပေါင်း ၅၀ ကျော်ကြာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013