DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားကာကွယ်ရေးတပ်က ဖွင့်လှစ်မည့် ကွန်မန်ဒိုစစ်သင်တန်းသားသစ် ခေါ်ယူ
DVB
·
January 26, 2023
ချင်းအမျိုးသားကာကွယ်ရေးတပ်က ဖွင့်လှစ်မည့် ကွန်မန်ဒိုစစ်သင်တန်းသားသစ် ခေါ်ယူ
Donate to DVB

ပြည်သူ့ခုခံတော်လှန်စစ်ပွဲကာလအတွင်း မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအတွက် ချင်းအမျိုးသားကာကွယ်ရေးတပ် Chin National Defense Force (CNDF) က ဖွင့်လှစ်မယ့် ကွန်မန်ဒိုစစ်သင်တန်းအတွက် သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

ချင်းအမျိုးသားကာကွယ်ရေး၊ ချင်းပြည်တည်ထောင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် CNDF က အလိုရှိနေကြောင်းနဲ့ သင်တန်းကို လာမယ့် ဖေဖော်ဝါရီလ ပထမပတ်မှာ စတင်ဖွင့်လှစ် သွားမယ်လို့ ဆိုပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသက်အပိုင်းအခြားကို ၁၆ နှစ်ကနေ ၃၅ နှစ်အရွယ်ထိ သတ်မှတ်ထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သူ၊ မျက်လုံးကောင်းမွန်သူ၊ နာတာရှည်ရောဂါမရှိသူ၊ ခြေလက်အင်္ဂါ ကြီးကြီးမားမား ထိ ခိုက်ထားတာမျိုး မရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်တန်းပြီးမြောက်ပါက CNDF မှာ အချိန် ၁ နှစ်တိတိ တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ကာ နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ 

နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013