DVB Logo
Home
မြန်မာသတင်း
ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့က Digital Marketing ကျွမ်းကျင်သူများကို ဖိတ်ခေါ်
DVB
·
January 26, 2023
ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့က Digital Marketing ကျွမ်းကျင်သူများကို ဖိတ်ခေါ်
Donate to DVB

ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက Junior Digital Marketing၊ Content Writer၊ Motion Graphic Designer၊ Video Editor စတဲ့ ပညာရှင်တွေကို နွေဦးတော်လှန်ရေး ကမ်ပိန်းတွေမှာ ပါဝင်ကူညီနိုင်ဖို့ ကမ်းလှမ်းချက်တခု ဇန်နဝါရီ ၂၅ ရက်က လူမှုကွန်ရက်ကနေ ကြေညာထားပါတယ်။

ဒီကြေညာချက်ထုတ်ပြန်ပြီး ၆ နာရီအကြာမှာပဲ လာရောက်လျှောက်ထားသူ အလွန်များပြားတဲ့အတွက် ကြေညာချက်ကို ပြန်လည်ဖျက်သိမ်းလိုက်ရတယ်လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းဟာ လာမယ့် ၂၀၂၃ ဇန်နဝါရီ ၂၈ ရက်မှာ ၂ နှစ်တိုင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီသက်တမ်းအတွင်းမှာ ရေဘဝဲအဖွဲ့ဝင် ရဲဘော်ပေါင်း ၁၅ ယောက်လောက် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချမှုခံထားရပြီး အဲဒီထဲမှာ အမျိုးသား၊ အမျိုးသမီး အပါအဝင် လိင်စိတ်ခံယူမှုကွဲပြားသူ LGBTIQ တွေပါ အပါအဝင် ဖြစ်တယ်လို့ ရေဘဝဲအဖွဲရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို အခက်အခဲတွေကြားကနေ ပြည်သူလူထုရဲ့ ပါဝင်ကူညီမှုနဲ့ ရန်ကုန်ပြောက်ကျားသပိတ်ပေါင်း ၇၀ ကျော် ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးဗဟိုချက်ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးက ပြောက်ကျားသပိတ်တွေကို နည်းမျိုးစုံသုံးပြီး နှိမ်နင်းဖြိုခွဲနေပေမဲ့ ပြောက်ကျားတပ်ဖွဲ့တွေဘက်ကလည်း နှိမ်နင်းနေတဲ့ကြားထဲက ဆန္ဒပြမှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013