DVB Logo
Home
Lead Story
တရုတ်ကြက်ငှက်တုပ်ကွေး မြန်မာကို ကူးစက်လာနိုင်ဟု FAO သတိပေး (မေးမြန်းချက်)
DVB
·
May 30, 2014
တရုတ်ကြက်ငှက်တုပ်ကွေး မြန်မာကို ကူးစက်လာနိုင်ဟု  FAO သတိပေး (မေးမြန်းချက်)
Donate to DVB

Bird Fluတရုတ်မှာ ပျံ့နှံ့ကူးစက်ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး (H7N9)ဟာ မြန်မာနိုင်ငံကို ကူးစက်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (အက်ဖ်အေအို)က သတိပေး လိုက်ပါတယ်။

ဒီ သတိပေးချက် ရရချင်း အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ပေါ် မူတည်ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းတွေ ဆက်လုပ်သွား မယ်လို့ မွေးမြူရေးနဲ့ ကုသရေးဝန်ကြီးဌာနရဲ့ အကြံပေးပညာရှင် ဒေါက်တာအောင်ကြီး က ပြောပါတယ်။

မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးတာမို့ ဘာတွေ ဘယ်လို ကြိုတင် လုပ်ဆောင်ရမယ်ဆိုတာ အတွေ့အကြုံရှိကြပါတယ်လို့လည်း သူက ပြောပါတယ်။

ကြက်မွေးသူတွေအနေနဲ့ ရောဂါကြောင့်သေဆုံးတဲ့ ကြက်တွေကို ကိုယ့်အကျိုးစီးပွား တခုတည်း ကြည့်ပြီး ဈေးကွက်ထဲ မဖြန့်ဖို့လည်း သတိပေး ပြောပါတယ်။

အကြံပေးပညာရှင် ဒေါက်တာအောင်ကြီးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013