DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တိုက်ပွဲတွင် ကျဆုံးသွားသည့် PDF ရဲဘော် ၁ ဦး၏ စျာပနကျင်းပ
DVB
·
January 24, 2023
လွိုင်ကော်တိုက်ပွဲတွင် ကျဆုံးသွားသည့် PDF ရဲဘော် ၁ ဦး၏ စျာပနကျင်းပ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့အနီး၊ ဖားမောကျေးရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ လွိုင်ကော် PDF ရဲဘော် မားရီယိုရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လွိုင်ကော် PDF ရဲဘော် မားရီယိုဟာ  ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက  လွိုင်ကော်မြို့ ချိကယ် - ပါလောင်း လမ်းမကြီး၊ ဖာ့တီမာမယ်တော်ဂူ အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တာလို့ PDF အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်ကလည်း လွိုင်ကော်မြို့နယ် မယ်တော်တောင် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ကိုတော်လှန်တိုက်ခိုက်ရင်း KNDF တပ်ရင်း ၁၂ မှ ရဲဘော် စိုးသီဟ (ခ) ကင်ဒို ကျဆုံးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013