DVB Logo
Home
မြန်မာသတင်း
အသေဖမ်းမိသည့် စစ်ကောင်စီဗိုလ်မှူး သန်းထွဋ်ဟာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီး စစ်ကြောရေးလုပ်ခဲ့သူဖြစ်ဟု NUG ထုတ်ပြန်
DVB
·
January 23, 2023
အသေဖမ်းမိသည့် စစ်ကောင်စီဗိုလ်မှူး သန်းထွဋ်ဟာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီး စစ်ကြောရေးလုပ်ခဲ့သူဖြစ်ဟု NUG ထုတ်ပြန်
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အသေဖမ်းမိခဲ့တဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ  ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးလုပ်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ တစ်ဦးဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို ရန်ကုန်- မန္တလေးအမြန်လမ်းပေါ် မိုင်တိုင် ၁၆၁ အနီးမှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က တောင်ငူခရိုင် PDF  တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နဲ့ (၆) ပူးပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းဖမ်းဆီးစစ်ဆေးနေစဉ် သူတို့နှစ်ဦးက ပါလာတဲ့ လက်နက်နဲ့ ခုခံကာကွယ်လို့ ပစ်ခတ်ရာမှာသေဆုံးသွားပြီး လက်နက်တချို့လည်းရခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။

သူတို့နဲ့အတူ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့သလို ကားပေါ်မှာလိုက်ပါလာတဲ့ တခြားသူ ၂ ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ရန်ကုန်၊ ပြည်လမ်း ၉ မိုင်ခွဲ North Point - Ocean စင်တာနားမှာရှိတဲ့ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးသမားတွေကို အသွင်ယူဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ NUG က အတည်ပြုထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေး ခံရမှုမှာလည်း ပါဝင်ပတ်သက်သူ တစ်ဦး ဖြစ်တယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013