DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံဆည်ဖျက်သိမ်းရေး နိုင်ကျဉ်းအစည်းအရုံးက ကော်မတီဖွဲ့တောင်းဆိုမည်
DVB
·
May 29, 2014
မြစ်ဆုံဆည်ဖျက်သိမ်းရေး နိုင်ကျဉ်းအစည်းအရုံးက ကော်မတီဖွဲ့တောင်းဆိုမည်
Donate to DVB

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးက မြစ်ဆုံဆည် ဖျက်သိမ်းရေး ကော်မတီဖွဲ့ပြီး အစိုးရကို ဆက်လက်ဖိအားပေး တောင်းဆိုသွားဖို့ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောကြားခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားဟောင်းများ  အစည်းအရုံးအောက်မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း

[caption id="attachment_12739" align="alignright" width="300"]မြစ်ဆုံဆည်အား တည်ဆောက်နေစဉ် မြစ်ဆုံဆည်အား တည်ဆောက်နေစဉ်[/caption]

ကော်မတီဖွဲ့စည်းမှာဖြစ်ပြီး ရန်ကုန်မြို့ကနေ ဧရာဝတီမြစ်ဆုံအထိ လမ်းလျှောက်ခဲ့ကြသူတွေ လည်း ပူးပေါင်းပါဝင်နိုင်တယ်လို့ အစည်းအရုံး အတွင်းရေးမှူး ဦးရဲထွဠ်ခေါင်က ဒီဗွီဘီကို ပြောပါတယ်။

“ဧရာဝတီ မြစ်ဆုံ ဖျက်သိမ်းပေးရေးကို နိုင်ငံတော် အစိုးရဆီ တရားဝင် တောင်းဆိုသွားဖို့ ရှိတယ်။ ကျနော်တို့ အစည်းအရုံးအောက်မှာ ဧရာဝတီမြစ်ဆုံ ဖျက်သိမ်းရေး ကော်မတီကတော့ ဧရာဝတီ မြစ်ဆုံနဲ့ လမ်းလျှောက်ခဲ့ကြသူအားလုံးက ၀င်ရောက်ပြီး အဲဒီ ကော်မတီမှာ ပူးပေါင်း ပါဝင်နိုင်တယ်။ နောက်တချက်က ကျနော်တို့က တရုတ်ကောင်စစ်ဝန်ချုပ်ဆီကို အကြောင်းကြားစာ ပေးပို့သွားဖို့ ရှိတယ်။ သူက တရုတ်နိုင်ငံအစိုးရနဲ့ မပတ်သက်ဘူး၊ ကုမ္ပဏီက ဆောင်ရွက်နေပါတယ်လို့ပြောတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိပါတယ်လို့ ပြောတယ်။ နောက် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အကျိုးဆက်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက် တွန်းလှန်သွားဖို့ ရှိတယ်။”

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းဖျက်သိမ်းဖို့ ရည်ရွယ်ချက်နဲ့ မတ်လထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း အင်အားအားစုတွေ ရန်ကုန်မြို့ကနေ မြစ်ဆုံအထိ လမ်းလျှောက်ချီတက်ခဲ့ပြီး စီပီအိုင်ကုမ္ပဏီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို  ၂၀၀၆ ခုနှစ်မှာ တရုတ်အစိုးရနဲ့ မြန်မာစစ်အစိုးရတို့ နှစ်ဘက် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရုတ် အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင်ပြီး စတင် တည်ဆောက်ခဲ့ပါတယ်။

မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူလူထုနဲ့ ပညာရှင်တွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အထိ စီမံကိန်းကို ရပ်ဆိုင်ထားမယ်လို့  ၂၀၁၁ ခုနှစ်၊ စက်တင်ဘာမှာ အမိန့်ထုတ်ပြန်ပါတယ်။

တရုတ်စွမ်းအင် ကုမ္ပဏီ စီပီအိုင်ကတော့  မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ဖို့အတွက် ဒေသခံ ၈၀ ရာခိုင်နှုန်းက ထောက်ခံနေပြီး မြစ်အောက်ပိုင်း ဒေသခံတွေကသာ မထောက်ခံတာလို့ ဒီနှစ်ဆန်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒေသခံရွာသား ၁၀၀၀ ကျော်က အခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ဆန္ဒမဲထည့်ပြီး စီမံကိန်း ဆက်မလုပ်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013