DVB Logo
Home
မြန်မာသတင်း
သံတမန်ရေး အောင်မြင်မှု မြန်မာကို ဥပမာပြု၍ အိုဘားမားပြော
DVB
·
May 29, 2014
သံတမန်ရေး အောင်မြင်မှု မြန်မာကို ဥပမာပြု၍ အိုဘားမားပြော
Donate to DVB

အမေရိကန် ပြည်ထောင်စုရဲ့ သံတမန်ရေး ကြိုးပမ်းဆောင်ရွက်မှုကြောင့် တချိန်က ပိတ်ဆို့နေတဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေဟာ ပွင့်လင်းလာတယ်လို့ သမ္မတ ဘားရက် အိုဘားမားက ပြောပါတယ်။

အမေရိကန် စစ်တက္ကသိုလ် ၀က်စ်ပွိုင့်မှာ မေ ၂၈ ရက် သင်တန်းဆင်းပွဲမှာ အိုဘားမားက အရင်က တင်းမာတဲ့ အာဏာရှင်နဲ့ အမေရိကန်ကို ရန်လိုတဲ့ မြန်မာနိုင်ငံကို ကြည့်လိုက်ပါဆိုပြီး သံတမန်ရေး အောင်မြင်မှုကို ဥပမာပေးပြောဆိုခဲ့ပါတယ်။

[caption id="attachment_52514" align="alignright" width="300"]အမေရိကန်သမ္မတ ဘားရက် အိုဗားမား (ဓာတ်ပုံ - ရိုက်တာ) အမေရိကန်သမ္မတ ဘားရက် အိုဗားမား (ဓာတ်ပုံ - ရိုက်တာ)[/caption]တိုင်းပြည်က လူထုတွေရဲ့ သတ္တိနဲ့ အမေရိကန် ခေါင်းဆောင်တွေရဲ့ သံတမန်ရေး အစပျိုး လုပ်ဆောင်ချက်တွေကြောင့် ပွင့်လင်းလာတဲ့ နိုင်ငံရေး အပြောင်းအလဲကို မြင့်တွေရသလို အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စေစပ်ရေး မူဝါဒတွေကြောင့် မြန်မာခေါင်းဆောင်တွေက မြောက်ကိုရီးယားနဲ့ ခပ်ကင်းကင်း ဖြစ်လာတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက “အခုတော့ ကျနော်တို့က ပြုပြင်ပြောင်းလဲရေးနဲ့ တကယ့်ကို လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကူအညီနဲ့ ရင်းနှီးမြှုပ်နှံတွေကနေ ထောက်ခံခဲ့ပါတယ်။ အပျော့ဆွဲလိုက်? ဝေဖန်လိုက်နဲ့လည်း ထောက်ခံခဲ့ပါတယ်။ တိုးတက်မှုတွေက ပြန်လည်သွားနိုင်ပေမယ့် တကယ်လို့ မြန်မာက အောင်မြင်ခဲ့မယ်ဆိုရင် သေနတ်တချက် ဖောက်စရာမလိုဘဲ လက်တွဲဖော်အသစ် ကျနော်တို့ ရရှိမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန်ဟာ အရပ်သား အစိုးရ တက်လာပြီးတဲ့နောက် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့ပြီး အိုဘားမား အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်တို့ကလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ဦးစီးလုပ်ဆောင်နေတဲ့ ဒေသတွင်း စစ်ရေးလေ့ကျင်မှုတွေမှာလည်း မြန်မာကို လေ့လာသူအနေနဲ့ ပါဝင်ခွင့်ပြုခဲ့သလို အရင်က ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကိုလည်း ပြည်ဝင်ခွင့်တွေ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်း ကတော့ မြန်မာနိုင်ငံရဲ့ ဒီကနေ့ အပြောင်းအလဲက ပြည်တွင်း အင်အားစုတွေရဲ့ ညှိနှိုင်းမှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသလို နိုင်ငံတကာ အနေအထားကလည်း ပြောင်းလဲမှု ဖြစ်စဉ်မှာ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် အမေရိကန်နိုင်ငံကနေပြီးတော့ ဒီမိုကရေစီ ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် လက်ရှိ ချထားတဲ့ စီးပွားရေးပိတ်ဆို့မှု အချို့ကို ရုပ်သိမ်းပေးမယ်ဆိုတဲ့ စွဲဆောင်ချက်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို လုပ်မယ်ဆိုရင် မြန်မာနိုင်ငံကို စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ တိုးတက်ပေးသွားမယ်ဆိုတဲ့ စွဲဆောင်မှုပေါ့နော်၊ အဲဒါက တစုံတရာ အရေးပါတဲ့ အခန်းကဏ္ဍကပါတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ပါတယ်။”

ဒါ့အပြင် ၂၀၁၀ နောက်ပိုင်း အမေရိကန် သမ္မတက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဒဲရစ်မစ်ချယ်ရဲ့ အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေအကြား ဆွေးနွေး ညှိနှိုင်းမှုတွေက အရေးပါတယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကတော့ အနောက်နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ဖိအားနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရေးပြောင်းလဲလာတာကို လက်ခံပေမယ့် အလုံးစုံပြောင်းလဲမှုကို မရောက်သေးတာကို သတိထားစေချင်တယ်လို့ ပြောပါတယ်။

“မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အောက်မှာပဲ ရှိသေးတဲ့အတွက်ကြောင့်မို့လို့ အလုံးစုံပြောင်းလဲသွားပြီ၊ ပြောင်းလဲနေတဲ့ ကာလကို ၀င်ရောက်သွားပြီဆိုတဲ့ ဟာမျိုးကိုတော့ လက်ခံနိုင်စရာ မရှိသေးပါဘူး။ အဲဒါကြောင့်မို့လို့ အောင်မြင်တယ်လို့ မသုံးသပ်နိုင်သေးပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013