DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ဝင်များ ပထမအကြိမ် ဆွေးနွေး
DVB
·
May 29, 2014
ကေအိုင်အိုနှင့်အစိုးရ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ဝင်များ ပထမအကြိမ် ဆွေးနွေး
Donate to DVB

ကေအိုင်အိုနဲ့ အစိုးရကြား မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်တွေဟာ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_57473" align="alignright" width="300"]အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အေ မေလ ၅ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံစဉ် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အေ မေလ ၅ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံစဉ်[/caption]

ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့ဖို့ သဘောတူပြီးတဲ့နောက် မြစ်ကြီးနားမြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံကြတာဖြစ်ပြီး မြန်မာအစိုးရဘက်က ကချင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် နဲ့ ကေအိုင်အိုဘက်ကတော့ ဗိုလ်မှူးကြီး ဇော်ဒေါင်တို့ ဦးဆောင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“တပ်မဟာ ၄ ဘက်က တိုက်ပွဲတွေ အများဆုံးဖြစ်နေပြီး အစိုးရဘက်က တပ်ရင်းမတူတော့ဘူး။ အဲဒါက ရမခ ဖြစ်သွားတယ်။ ဒီဘက်ကတော့ မပခ ပေါ့။ အစိုးရကိုယ်စားလှယ် ၅ ဦးက မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ဧရိယာထဲကပဲ ဖြစ်နေတယ်။ ရှမ်းမြောက်က မပါဘူး။ ရှမ်းမြောက်မှာ အများဆုံးဖြစ်နေတဲ့အခါကျတော့ ရှမ်းမြောက်ဘက်က ပြဿသနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ဟာကို နောက်ဆွေးနွေးတဲ့အခါ ထည့်ဆွေးနွေးနိုင်ဖို့ အထက်ကိုတင်ပြမယ်။ လစဉ် ပထမပတ်တိုင်းမှာ အမြဲတမ်းဆွေးနွေးမှာဖြစ်တယ်။ ပြဿ နာရှိတိုင်းကတော့ မကြာမကြာတွေ့ဆုံမယ် ဆိုတာတွေပါ။ ”

လတ်တလောပစ်ခတ်မှုတွေဖြစ်ရာ ကေအိုင်အေ တပ်မဟာ ၄ နယ်မြေဟာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့အတွက် အဓိက တာဝန်ရှိတဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကိုယ်စားလှယ်တွေပါ ပါဝင်ဆွေးနွေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ပွဲကိစ္စအပြင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အမည်စာရင်း လဲလှယ်တာ၊ ရှေ့ဆက်ပြီး ပုံမှန်တွေ့ဆုံနိုင်ဖို့ ညှိနှိုင်းတာကလွဲလို့ တခြားထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ မရှိဘူးလို့လည်း ဦးဆန့်အောင်က ဆက်ပြောပါတယ်။

မနေ့က တွေ့ဆုံမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကေအိုင်အို နည်းပညာအကြံပေးရုံးမှာ နှစ်ဖက်ကိုယ်စားလှယ် ၅ ဦးစီနဲ့အတူ အစိုးရဘက်က မှတ်တမ်းမှတ်ရာအဖွဲ့နဲ့ ကချင်ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်၊ ကေအိုင်အိုနည်းပညာရုံးအဖွဲ့ဝင်တွေပါ စုစုပေါင်း ၂၀ လောက် တက်ရောက်ခဲ့ပါတယ်။

ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ က ကေအိုင်အို နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးဆွေးပွဲမှာ သဘောတူညီချက်အရ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013