
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၂၁ ရက် ည ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝင်းအတွင်းက အဆောက်အအုံ ၂ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)အဖွဲ့ဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင် လက်နက်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အမြဲတမ်းလက်တွဲ ကူညီတိုက်ခိုက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။