DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တိုင်းရင်းသားများ ပူးပေါင်းလက်မှတ်ထိုး
DVB
·
May 28, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တိုင်းရင်းသားများ ပူးပေါင်းလက်မှတ်ထိုး
Donate to DVB

ကရင်ပြည်နယ်မြို့နယ် ဘားအံမြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်စုဆောင်း လှုပ်ရှားမှုတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့  ပူးပေါင်းပြီး  ဒီကနေ့မနက်က ကျင်းပပါတယ်။

ဘားအံမြို့က ကံသာဦးခန်းမမှာ ကျင်းပတဲ့ ဒီဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်  ဦးမင်းကိုနိုင်နဲ့ အန်အယ်လ်ဒီ ရှေ့နေများကွန်ရက်က ရှေ့နေ ဦးအောင်သိန်းတို့က ထောင်နဲ့ချီတဲ့  ဒေသခံတွေကို စည်းရုံးဟောပြောမှုတွေ ပြုလုပ်ခဲ့တာပါ။

MinKoNaing28052014ParAimဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ တပြိုင်တည်းလုပ်ရမယ့် အရေးဖြစ်ကြောင်း ဦးမင်းကိုနိုင်  ဟောပြောချက်နဲ့ပတ်သက်ပြီး  အမျိုးသား ဒီမိုကရေစီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ပြောပြပါတယ်။

“အန်တီတို့ ဒေသနဲ့ ကိုက်ညီတာတွေ တချို့ကို အန်တီတို့ သဘောကျတာရှိပါတယ်။ ကျနော်တို့ဟာ ၄၃၆ ကိုပဲ ပြင်မယ်ဆိုရင် ခြေတပေါင်ကျိုးလျှောက်နေသလိုပဲ ဖြစ်မှာပေါ့တဲ့။ တိုင်းရင်းသားငြိမ်းချမ်းရေးပါ ရတယ်ဆိုရင် ကျနော်တို့ ဒါမှ နှစ်ဖက်လမ်းလျှောက်တာ ဖြစ်မယ်ပေါ့။ ၄၃၆ ပြင်သွားပြီးပေမယ့် တိုင်းရင်းသားငြိမ်းချမ်းရေး မရပြန်ရင်လည်း မပြည့်စုံသေးဘူးပေါ့နော်။ ၄၃၆ လည်း ပြင်သင့်တဲ့တခုပေါ့၊ တိုင်းရင်းသားငြိမ်းချမ်းရေးကလည်း တသွယ် ပြီးပြည့်စုံမယ်ဆိုရင် ကျနော်တို့ လျှောက်တဲ့လမ်းဟာ ခြေစုံလက်စုံနဲ့ လျှောက်လို့ရတာပေါ့လို့ ပြောတယ်။ သူနိုင်ငံခြားသွားတုန်းက လက်တဖက်မရှိတဲ့ သူကို တွေ့ခဲ့တယ်တဲ့။ အဲဒီလူက သူ့ကို အကြောင်းကြားတယ်၊ ၄၃၆ ကို ထိုးချင်တယ်ပေါ့။ ဒါနဲ့ ခင်ဗျားလက်မရှိဘူးပေါ့လို့ ပြောတော့ ပါးစပ်မှာ ကိုက်ပြီးထိုးမယ်ပေါ့။ ဒီလို လက်မရှိတဲ့သူတောင် ၄၃၆ ကို ထိုးချင်တာ ဆန္ဒပြင်းပြနေရင် ကျနော်တို့ လက်အစုံ နှစ်ဖက်လုံး ရှိတဲ့သူက ၄၃၆ ကို မထိုးသင့်ဘူးလားပေါ့။”

ကနဦးက ဒီဟောပြောပွဲမှာ ဟောပြောချက်တွေကို တိုင်းရင်းသားဘာသာနဲ့ပါ ပြောဆိုဖို့ စီစဉ်ထားပေမယ့်လည်း အချိန်မရတဲ့အတွက် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသလို နောင်လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်မြို့တွေမှာ ပြုလုပ်ရင်တော့ တိုင်းရင်းသားဘာသာနဲ့ ဟောပြောတာကို  ထည့်သွင်းသွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီကနေ့မနက်က ဘားအံမှာ  ဟောပြောပွဲနဲ့အတူ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဦးမင်းကိုနိုင်နဲ့ ပြည်နယ် အန်အယ်လ်ဒီ ခေါင်းဆောင်တွေအပါအ၀င် ဒေသခံ ကရင်တိုင်းရင်း သားတွေက လက်မှတ်ရေးထိုးဆန္ဒပြုခဲ့ကြပါတယ်။

အလားတူ ရန်ကုန်မြို့  သင်္ကန်းကျွန်းမှာရှိတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာလည်း ဖွဲ့စည်းပုံ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးပွဲကို စတင်ဖွင့်လှစ်ကျင်းပရာမှာ  ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင် ဟောပြောလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013