DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် လူငယ် ၁ ဦး မိုင်းနင်းမိပြီး ခြေတဖက်ပြတ်
DVB
·
January 18, 2023
မြောက်ဦးတွင် လူငယ် ၁ ဦး မိုင်းနင်းမိပြီး ခြေတဖက်ပြတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ခမရ ၃၇၈ တပ်ရင်းအနီးရှိ တောင်မှာ ထင်းသွားခုတ်တဲ့ လူငယ်တဦး မိုင်းနင်းမိပြီး ညာဘက်ခြေတဖက်ပြတ်သွားကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် နာဒင်ကျေးရွာက ကိုကျော်ဆန်း (၂၄ နှစ်)ဟာ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက ခမရ ၃၇၈ တပ်ရင်းအနီးက တောင်မှာ ထင်းသွားခုတ်ရင်း မြေမြှုပ်မိုင်းနင်းမိတာလို့ မြောက်ဦးဒေသခံ ကူညီဆောင်ရွက်ပေးခဲ့သူ တဦးက ပြောပါတယ်။

“သူက ထင်းသွားခုတ်တာလို့ သိရတယ်။ အဲဒီမှာ မိုင်းနင်းမိတာဖြစ်တယ်။ ညာဘက်ခြေက လုံးဝပြတ်သွားတယ်။ ဘယ်ဘက်ခြေလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်။ ဒဏ်ရာက တော်တော်‌လေးကို ပြင်းတယ်။ အခု မြောက်ဦးပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြောက်ဦးမြို့ မင်းသားကျွန်းတံတိုင်းအနီးရှိ တောင်မှာ မှိုသွားခူးတဲ့ လူငယ်တဦး မြေမြှုပ်မိုင်းထိပြီး ခြေနှစ်ဖက်လုံးပြတ်ခဲ့ကာ ဆေးရုံမှာ ဆေးကုမှုခံနေရင်း သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာ‌ ရှိနေပြီး အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်အထိ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013