DVB Logo
Home
မြန်မာသတင်း
တရားရုံးကို ပုဂ္ဂလိကငှားရမ်းမှု ရှေ့နေများ ကန့်ကွက်ဆန္ဒပြ
DVB
·
May 28, 2014
တရားရုံးကို ပုဂ္ဂလိကငှားရမ်းမှု ရှေ့နေများ ကန့်ကွက်ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နဲ့စုပေါင်းတရားရုံးတို့ကို  ပုဂ္ဂလိက ကုမဏီတခုကို ငှားရမ်းလုပ်ကိုင်ခွင့်ပေးခြင်း မပြုဖို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

IMG_0086 copyရန်ကုန်တရားလွှတ်တော်ချုပ်နဲ့ စုပေါင်းတရားရုံးတွေဟာ ထိန်းသိမ်းရမယ့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦတွေ ဖြစ်တာကြောင့် ပုဂ္ဂလိကကို ငှားရမ်းလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင်  ရှေ့န  ၆၀ လောက်က ဒီနေ့မနက်ပိုင်းမှာ မဟာဗန္ဓုလပန်းခြံလမ်းကနေ စုပေါင်းတရားရုံးအထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ဆန္ဒပြတဲ့ရှေ့နေတွေက တရားရုံးအဆောက်အအုံ ဟိုတယ်မဖြစ်ရေး၊ ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံများ ဥပဒေနဲ့အညီ ကာကွယ်ထား အစရှိတဲ့ ပိုစတာတွေ ကိုင်ဆောင် လမ်းလျှောက်ခဲ့ကြပြီး ဒီလိုပုဂ္ဂလိက ကုမ္ပဏီတခုကို လုပ်ကိုင်ခွင့်ပေးတာနဲ့ ပက်သက်ပြီး ကန့်ကွက်ကြောင်း ဟောပြောခဲ့ကြပါတယ်။

 အထက်တန်း ရှေ့နေတ ဦးဇော်မင်းလှိုင်က “ဒီနေ့ ဆန္ဒပြရတဲ့အကြောင်းအရင်းက တိုင်းပြည်အတွက် ဥပဒေ ပညာရှင်များအခန်းကဏ္ဍကနေ တိုင်းပြည်အတွက် ပြည်သူအကျိုးအတွက် လိုလားနေတဲ့ အများပြည်သူတွေကို တရားစီရင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားရုံးတွေဟာ ဒီလို မတော်တဲ့၊ မလျော်တဲ့ ဟိုတယ်တွေ အနေအထားကို ပြောင်းလဲတဲ့ အခြေအနေကနေ ပြန်လည်တောင်းယူဖို့အတွက် ဥပဒေပညာရှင်များအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယူဆလို့ ရှေ့နေ့များ ဆန္ဒထုတ်ဖော်ပွဲကို ဆင်နွှဲရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီရုံးနှစ်ရုံးကို ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော်လောက် တရားရုံးအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီကတော့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပေမယ့် ဖြေရှင်းပေးတာမျိုး မရှိလို့ နောက်တကြိမ် ဆန္ဒပြတာလို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဆန္ဒထုတ်ဖော်တာ တောင်းဆိုတာ နည်းလမ်းက ကုန်သွားပြီ။ ကုန်သွားတဲ့အခါမှာ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ မညီဘူး၊ တရားစွဲမယ်လို့ ကွန်ရက်က ဆုံးဖြတ်တယ်။ ဆုံးဖြတ်တော့ နို့တစ်စာ ပို့တယ်။ နို့တစ်စာ ပို့တော့လည်း သူတို့ဘက်က ပြန်လာတယ်။ ဒါက သူတို့ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ စာပြန်လာတယ်။ အဲဒီတော့ အဲဒီအနေအထားမှာ နောက်ဆုံးတော့ တရားစွဲရမယ့် အခြေအနေ ရောက်နေပြီ။ သို့သော်လည်းပဲ တရားစွဲရမယ့် အခြေအနေကို ကျော်နိုင်မလားဆိုပြီး ထပ်ပြီးတော့ ဆန္ဒတကြိမ်လောက် ထုတ်ဖော်ကြည့်ဦးမယ်ဆိုပြီး ဒီနေ့ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်တာပါ။”

ဆန္ဒပြတောင်းဆိုပြီး တလကြာအထိ ထူးခြားမှု မရှိရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တရားဆွဲဆိုသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“တရားမအမှုတို့ ဘာတို့ဆိုတာ မစွဲခင်လည်း ညှိလို့ရတယ်။ စွဲနေတုန်းလည်း ညှိရတယ်။ အမှုပြီးခါနီးလည်း ညှိလို့ရတယ်။ အဲဒီတော့ ကျနော်တို့က စေ့စပ်ဆွေးနွေးရေးကို မျှော်လင့် တောင့်တနေပါတယ်။ ဒါပေမယ့် တဖက်ကလည်း တရားဥပဒေအရတော့ ကျနော်တို့က အရေးဆိုတာပေါ့ဗျာ။”

ဒီလိုဆောင်ရွက်ရတာဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို နိုင်ငံတော်ပိုင်၊ ပြည်သူပိုင်အနေနဲ့ ဆက်ပြီးထားနိုင်ဖို့ဖြစ်ပြီး ဒီတရားရုံးတွေကို ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရက ဆုံးဖြတ်ခဲ့တဲ့အချိန်ကစပြီး ရှေ့နေများကွန်ရက်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013