DVB Logo
Home
မြန်မာသတင်း
ဟူးကောင်းဒေသ သိမ်းယူခံ လယ်မြေပြန်ရရေး ရန်ကုန်တွင် ဆန္ဒပြမည်
DVB
·
May 28, 2014
ဟူးကောင်းဒေသ သိမ်းယူခံ လယ်မြေပြန်ရရေး ရန်ကုန်တွင် ဆန္ဒပြမည်
Donate to DVB

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသမှာရှိတဲ့ ယုဇနကုမ္ပဏီ သိမ်းယူထားတဲ့ လယ်ယာမြေတွေပြန်ရဖို့ ဒေသခံတွေက ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောဆိုလိုက်တာပါ။

[caption id="attachment_57413" align="alignright" width="600"] မီဒီယာလိုင်ဘရီမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)
မီဒီယာလိုင်ဘရီမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]ကချင်ပြည်နယ်၊ ဟူးကောင်းဒေသခံတွေက ဒီကနေ့ ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့တွေ့ဆုံပြီး လယ်ယာမြေပြန်ရရေးအတွက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောဆိုလိုက်တာပါ။

သိမ်းစည်းခံလယ်ယာမြေတွေပြန်ရဖို့ ကူညီပေးနေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုNDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကတော့လာမယ့် မေလ ၃၀ ရက်နေ.၊နံနက်မှာ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားပြီး တောင်သူတွေအနေနဲ့ လည်း ထွန်တုံးတိုက်ပွဲဆင်နွဲဖို့ ပြင်ဆင်သွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“၃၀ ရက်နေ့ကို ဆန္ဒထုတ်ဖော်ဖို့ ဗဟန်းမှာ စာတင်ခဲ့တယ်။ ဒါကို ဆက်ပြီး ဖြေရှင်းမပေးဘူးဆိုရင် ကျမတို့ တရားရုံးကို ဆက်သွားမယ်။ တောင်သူတွေအနေနဲ့ ပြည်နယ်တွေမှာ ထွန်တုံး တိုက်ပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ အဓိက မြေကိုရအောင် လုပ်သွားမယ်။”

၂ဝဝ၆-၂ဝဝ၇ ခုနှစ်က စပြီး ဖားကန့်မြို့နယ်၊ ဝရာဇွပ်ကျေးရွာအုပ်စုအတွင်းက ဝရာဇွပ်၊ စံပြကျေးရွာ၊ နာဂျာပါ၊ အောင်ရာ၊ ဘန်ကောက်နှင့် ရှာဒူဇွပ် ကျေးရွာ ၆ ရွာက လယ်မြေတွေ၊ ဥယျာဉ်ခြံမြေတွေကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့ပြီး ကျေးရွာလူနေ အိမ်တချို့လည်း ရွှေ့ပြောင်းခံခဲ့ရပါတယ်။

ဖားကန့်မြို့နယ်၊ ဟူးကောင်းဒေသ၊ ဘန်ကောက်ရွာသူ ဒေါ်ခေါန်နန်က “ကျမတို့ရွာကို ယုဇန ကုမ္ပဏီ စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၀၆ ဖြစ်ပါတယ်။ ယုဇန ကုမ္ပဏီ ၀င်လာခဲ့တခါမှာ ကျမတို့ လယ်ယာခြံမြေ ဥယျာဉ်ခြံတွေကို ယုဇန ကုမ္ပဏီရဲ့ စိုက်ပျိုး စီမံကိန်း ဧရိယာမှာပါတယ် ဆိုပြီးမှ အဓမ္မ သိမ်းယူသွားခဲ့ပါတယ်။ ကျမတို့မှာ ဥယျာဉ်ခြံမြေ သိမ်းယူခံရတော့ အင်မတန်မှ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားနေရတာ ဒီနေ့အချိန်ထိပါပဲ” လို့ ပြောပါတယ်။

ယုဇနကုမ္ပဏီ ဘက်ကတော့ သိမ်းယူထားတဲ့ လယ်ယာမြေတွေပြန်လည် ပေးအပ်ဖို့အတွက် ၂၀၁၂ခုနှစ်၊ သြဂုတ်လက နေပြည်တော်မှာ ဒေသခံတွေကိုခေါ်ယူပြီး သဘောတူညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် အခု အချိန်အထိ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည် ပေးအပ်ခြင်းမရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013