DVB Logo
Home
Lead Story
စီးပွားရေးပိတ်ဆို့မှုအပေါ် အထင်အမြင်လွဲမှုများရှိဟု အမေရိကန်ပြော
DVB
·
May 28, 2014
စီးပွားရေးပိတ်ဆို့မှုအပေါ် အထင်အမြင်လွဲမှုများရှိဟု အမေရိကန်ပြော
Donate to DVB

မကြာသေးမီက အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှု သက်တမ်း ၁ နှစ်တိုးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း အထင်အမြင်လွဲမှုတွေ ရှိနေတဲ့အပြင် စာနယ်ဇင်းတွေကလည်း ချဲ့ကားပြောဆို ရေးသားမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထုတ်ဖော်ပြောဆိုပါတယ်။

derek-mitchell မေ ၂၇ ရက်နေ့က ရန်ကုန် နိုင်ငံခြားရေးဝန်ကြီးရုံး အဆောက်အဦမှာလုပ်တဲ့ ဆွေးနွေးဟောပြောပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အခု သက်တမ်းတိုးလိုက်တာဟာ အရင် အစိုးရလက်ထက်က အကျိုးရှိခဲ့သူတွေ၊ ပြုပြင် ပြောင်းလဲရေးကို အဟန့်အတားလုပ်ဖို့ ကြိုးစားသူတွေကို ရည်ရွယ်တာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံလာရင် သူတို့ကို နာမည်ပျက် စာရင်းသွင်း ထားတာကနေ ပယ်ဖျက်ပေးမှာ ဖြစ်တဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒါအပြင် အမေရိကန်ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်လာစေဖို့ ရည်ရွယ်တာလည်း ဖြစ်တဲ့အကြောင်း သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013