DVB Logo
Home
မြန်မာသတင်း
နေ့စဉ်ငွေလဲနှုန်းနှင့် ရွှေဈေး ကျရိပ်ဆက်ရှိ
DVB
·
May 28, 2014
နေ့စဉ်ငွေလဲနှုန်းနှင့် ရွှေဈေး ကျရိပ်ဆက်ရှိ
Donate to DVB

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်ချက်အရ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၉၆၄ ကျပ် ပေါက်ပါတယ်။ စင်ကာပူဒေါ်လာကတော့ ၁ ယူနစ်ကို မြန်မာကျပ်ငွေ ၇၆၇ နဲ့ ၀ယ်ပြီး ၇၇၃ နဲ့ ရောင်းပါတယ်။ ၁ ယူရိုငွေကတာ့ မြန်မာကျပ်ငွေ ၁၃၂၈ နဲ့ ၀ယ်ပြီး ၁၃၁၃နဲ့ ရောင်းပါတယ်။

gold4အကယ်ဒမီရွှေ ၁ ကျပ်သားကို ကျပ်ငွေ (၆ သိန်း ၆ သောင်း ၅ ရာ)နဲ့ ၀ယ်ပြီး ဆိုင်ရောင်းဈေးကတော့ ငါးရာကျပ် ပိုပါတယ်။ မနေ့က ရွှေဈေးထက် ကျပ် ကိုးရာဈေးကျပါတယ်။ ကမ္ဘာ့ရွှေးဈေးကွက်မှာ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၆၄.၅၆ ရှိပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ ရွှေဈေးပေါက်ဈေးက ၆ သိန်း ၅ သောင်း ၅ ထောင့် ၈ ရာ ဈေးပေါက်ပြီး အကျဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းငန်းရှင်များအသင်းက ပြောပါတယ်။

အသင်းရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ကမ္ဘာ့ရွှေဈေးကျဆင်းမှုနဲ့အတူ မြန်မာ့ရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတယ်လို့ ပြောပါတယ်။
“နိုင်ငံတကာ ရွှေဈေးကွက်ကျွမ်းကျင်သူတွေကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးအကျမှန်းတာပေါ့လေ။ သူတို့မှန်းတဲ့အတိုင်း ဈေးက ဆက်ကျနေတာပေါ့လေ။ မနေ့တုန်းကဆို ၁၂၉၃-၉၄ လောက်အထိ (၁ အောင်စဈေးနှုန်း) ထိ ဈေးကွက်မှာ တွေ့နေရတာ။ အခုဟာတော့ အနိမ့်ဆုံး စောစောလောက်က ၁၂၆၂ လောက်ထိ ကျတာကို တွေ့တယ်။ အခုတော့ ၁၂၆၅ လောက်ဖြစ်နေပြီ။ စောစောပိုင်းကတော့ ပြည်တွင်းရွှေ့ဈေးက (၅၂၀၀) လောက်ထိ ကျတယ်။ အခုတော့ (၅၈၀၀) ဒါဟာ ယာယီပြန်တက်တဲ့သဘော။ အချုပ်ပြောရရင်တော့ ဈေးက အကျဘက်ပဲ ဦးတည်နေတယ်။”

မနေ့က ၁ ကျပ်သားကို ၆ သိန်း ၆ သောင်းလောက် ပေါက်တာကြောင့် ကျပ် ၁ ထောင်လောက် ဈေးထပ်ကျသွားတာ ဖြစ်ပါတယ်။
နှစ်စဉ်ကျောင်းဖွင့်ရာသီမှာ ကြုံနေကျအတိုင်း ရွှေဆိုင်တွေမှာ လာရောက် ရောင်းချထုခွဲသူတွေ များပြားပြီး ၀ယ်လိုအားနည်းနေတယ်လို့လည်း ဦးဝင်းမြင့်က ဆိုပါတယ်။

မှတ်တမ်းတွေအရ ခရစ်သက္ကရာဇ် ၁၈၀၀ ခုနှစ်မှာ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၉ တန်ဖိုးရှိတဲ့ရွှေဈေးဟာ ၁၉၃၅ ခုနှစ်မှာ ၃၅ ဒေါ်လာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဆယ်စုနှစ်တွေအတွင်း တရိပ်ရိပ်တက်လာတဲ့ ရွှေဈေးဟာ ၁၉၈၀ ခုနှစ်မှာ ဒေါ်လာ ၈၅၀ ထိ ရောက်ရှိခဲ့ပါတယ်။ ဒီနောက်မှာ ပျမ်းမျှခြင်း ဒေါ်လာ ၆၁၅ ဒေါ်လာဈေးသင့်နေပြီး ၂၀၀၀ ခုနှစ် အစောပိုင်းမှာတော့ ၁ အောင်စကို ဒေါ်လာ ၂၇၂ အထိပြန်ကျခဲ့ပါတယ်။

ဒီနောက် ရွှေဈေးတွေ ပြန်တက်လာရာက ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ရွှေဈေးက ရွှေ ၁ အောင်စ ကို ဒေါ်လာ ၁၈၃၅ ထိ အမြင့်ဆုံး စံချိန်တက်ခဲ့သလို မြန်မာ့ရွှေဈေးကလည်း ၁ ကျပ်သားကို ၇ သိန်းနဲ့ ၅ ထောင်ထိ တက်ခဲ့ပါတယ်။ ဒီနောက် တရိပ်ရိပ်ပြန်ကျတဲ့ရွှေဈေးဟာ မေလဆန်းပိုင်း မှာ ၁ အောင်စကို ဒေါ်လာ ၁၃၀၀ ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေရာက အခု နောက်ဆုံးဈေးနှုန်းမှာ ၁ အောင်စကို ၁၂၆၂ ဒေါ်လာ ၀န်းကျင်တထိ ပြန်ကျနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေး ဘာကြောင့်ကျဆင်းနေသလဲဆိုတာကို သုံးသပ်သူတွေရဲ့ အဆိုအရ ယူကရိန်းနိုင်ငံရေး မတည်ငြိမ်မှုနဲ့ အမေရိကန်ဒေါ်လာငွေ မာတာတွေနဲ့ ဆက်စပ်သုံးသပ်ပြကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ရှန်ဟိုင်းကို ကမ္ဘာ့ရွှေဈေးကွက် ဗဟိုဌာနတခုအဖြစ် ဖန်တီးနေတာကိုလည်း ထည့်သွင်းတွက်ချက်ကြပြီး နယူးယောက်နဲ့ လန်ဒန်က ရွှေအရောင်းအ၀ယ်ဈေးကွက်နဲ့ ဈေးနှုန်းမှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့အပေါ် စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013