DVB Logo
Home
မြန်မာသတင်း
လူပေါင်း ၁၁,၀၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲထား
DVB
·
January 16, 2023
လူပေါင်း ၁၁,၀၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲထား
Donate to DVB

မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စစ်တပ်အဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၁၀၀၀ ကျော်ကို အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ ဝန်ကြီးတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ ပြည်နယ်နဲ့တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေက ပြောဆိုခဲ့ကြတာလို့ ခေတ်သစ်မီဒီယာကထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက်  အစည်းအဝေးမှတ်တမ်းအရ သိရပါတယ်။

ဒီအစည်းအဝေးကို ဥက္ကဋ္ဌဖြစ်တဲ့တဲ့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ ဖြစ်ကြတဲ့ စစ်ကောင်စီဗိုလ်မှူးကြီးတွေလည်း တက်ရောက်ပြီး သက်ဆိုင်ရာနယ်မြေ အခြေအနေတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ၂၃၈၆ မှု ဖွင့်ခဲ့ပြီး ကျား ၃၉၆၃ ယောက်၊ မ ၂၈၅ ယောက်၊ ပေါင်း ၄၂၄၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်စိုးက ပြောပြီး တနိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာတော့ ၄၅၇၆ မှုဖွင့်ထားပြီး ၂၃၀၅ ယောက်ကို တရားစွဲဆို ထားခဲ့တာကြောင့် ဒုတိယအများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၆၉၅ မှုနဲ့ ၉၂၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ၄၂ မှုဖွင့်ခဲ့ပေမယ့် ၉ ယောက်ကိုပဲ ဖမ်းဆီးထားပြီး ချင်းပြည်နယ်မှာ ကျား ၆၈ ယောက်၊ မ ၆ ယောက်၊ ပေါင်း ၇၄ ယောက်ကို ဖမ်းဆီးထားပါတယ်။

ကယားပြည်နယ်မှာ ၅၅၇ ယောက်၊ မကွေးတိုင်းမှာ ၇၅၆ ယောက်၊ မန္တလေးတိုင်းမှာ အယောက် ၁၄၉၀ ကိုအမှုဖွင့်ပြီး ၈၀၇ ယောက်၊ မွန်ပြည်နယ်မှာ ၂၁၆ ယောက်၊ ဧရာဝတီတိုင်းမှာ ၆၇၁ ယောက်ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ကချင်နဲ့ ကရင်ပြည်နယ်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းက စစ်ကောင်စီရဲ့ လုံ/နယ် ဝန်ကြီးတွေကတော့ သူတို့ဆီမှာ ဘယ်လောက်အမှုဖွင့်ဖမ်းဆီးထားတယ်ဆိုတာကို အစည်းအဝေးမှတ်တမ်းမှာ ဖော်မပြတဲ့အတွက် မသိရှိရပါဘူး။

အစည်းအဝေးတက်ရောက်ခဲ့သူတယောက်ဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းနဲ့ ဥပဒေရေးရာ ဌာနကြီးမှူး ရဲမှူးချုပ်ကျော်လင်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတာ ၁၇၈၂၅ မှု ရှိပြီး ၁၀၁၅၅ မှုကို ရဲက စစ်ဆေးဆဲ၊ ၄၃၃၂ မှုကို တရားရုံးက စစ်ဆေးဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013