DVB Logo
Home
မြန်မာသတင်း
ရေးမြောက်ပိုင်း ခလရ ၅၈၈ ဗဟိုကင်း တိုက်ခိုက်ခံရ၊ မရမ်းချောင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
January 15, 2023
ရေးမြောက်ပိုင်း ခလရ ၅၈၈ ဗဟိုကင်း တိုက်ခိုက်ခံရ၊ မရမ်းချောင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်အခြေစိုက် ခလရ ၅၈၈ တပ်ရင်းရှိ ဗဟိုကင်းကို ဇန်နဝါရီ ၁၄ မွန်းလွဲ ၁ နာရီခွဲလောက် ဝေဟင်မှ ဒရုန်းနဲ့ မိုင်းပစ်ချခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အထိခိုက်အကျဆုံးတွေကို လက်ရှိမှာ မပြောနိုင်သေးဘူးလို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံရပြီး ခလရ ၅၈၈ တပ်ရင်းက လက်နက်ကြီးနဲ့ အချက်ပေါင်း ဒါဇင်ကျော် ပြန်လည် ပစ်ခတ်ပေမယ့် ရေးမြောက်ပိုင်း PDF တွေ အန္တရယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ YGF တပ်ဖွဲ့ဘက်ကလည်း တပြိုင်တည်း မော့ကနင်ရွာက စစ်ကောင်စီသတင်းပေး (စစ်မှုထမ်းဟောင်း) တဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး မော့ကနင် အခြေစိုက် အမှတ် (၃၁၇) အမြှောက် တပ်ကနေ ၁၂၀ အမြှောက်နဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူတဦး သေဆုံးခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF က ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်ညကလည်း ရေးမြို့နယ်မြောက်ပိုင်းဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ရေးမြောက်ပိုင်းဒေသဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ထားတဲ့နေရာမှာ ဒီနေ့အထိ အမျိုးသမီး ၁ ယောက် သေဆုံး၊ ၂ ယောက် လောက် လက်နက်ကြီး ထိမှန် ဒဏ်ရာ ရခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားနဲ့နီးစပ်​​နေတဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရေးမြောက်ပိုင်းဒေသဘက်ဖြစ်တဲ့ နှစ်ကရင်ရဲစခန်းတခု ဝင်ရောက် မီးရှို့ဖျက်ဆီး ခံရပြီး SB ရဲအရာရှိတယောက်လည်း ရေးပြောက်ကျားတပ်ဖွဲ့က သုတ်သင်ရှင်းလင်းထားသလို နှင်းစုံကြိုးတံတားက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း တိုက်ခိုက်ခံထားရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က မရမ်းချောင်းရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဆိုသူ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခွဲမှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးကို ပစ်ခတ်တဲ့သေနတ်သမားတွေကိုတော့ မသိရှိရသေးသလို အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာတွေလည်း မထုတ်ပြန်သေးပါဘူး။

ကင်မွန်းချောင်းကျေးရွာမှ စစ်ကောင်စီသတင်းပေး ဆယ်အိမ်မှူး ပေါ်ထွန်းနဲ့ ဇော်မင်းဆိုသူလည်း ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီခန့်မှာ  ကဒတ်ချောင်းနားမှာ အမည်မသိ သေနတ်သမား လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013