DVB Logo
Home
မြန်မာသတင်း
မင်းလှ မြို့မဈေးဆိုင်ခန်းများ မီးဘေးအတွက်သုံးမည့်နေရာတွင် တိုးချဲ့
DVB
·
May 28, 2014
မင်းလှ မြို့မဈေးဆိုင်ခန်းများ မီးဘေးအတွက်သုံးမည့်နေရာတွင် တိုးချဲ့
Donate to DVB

မင်းလှမြို့မဈေးဆိုင်ခန်းတွေ တိုးချဲ့ဆောက်လုပ်နေရာမှာ မီးဘေးအတွက် အသုံးပြုမယ့်မြေနေရာကို သုံးနေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_57361" align="alignright" width="300"] ဓာတ်ပုံ- မင်းလှ (အိုင်စီဂျေ) ဓာတ်ပုံ- မင်းလှ (အိုင်စီဂျေ)[/caption]“တောင်ဘက်ဈေးမှာ နေရာလွတ်တွေရှိပေမယ့် ဒီနေရာမှာလာဆောက်တာ။ ပတ်ဝန်းကျင်အိမ်တွေနဲ့ အရမ်းနီးတယ်။ မီးဘေးအတွက်ရော၊ လုံခြုံရေးအတွက်ရော စိုးရိမ်ရလို့ စည်ပင်ကို သွားပြောပေမယ့် မရဘူး” လို့ မင်းလှဒေသခံ ကိုမောင်ဇော်က ပြောပါတယ်။

ဒီအတွက် မြို့အထောက်အကူပြုကော်မတီကို တင်ပြပေမယ့် မထူးခြားဘူးလို့ သူက ပြောပါတယ်။
မင်းလှမြို့ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ “စည်ပင်အနေနဲ့ စည်ပင်သာယာ ဥပဒေနဲ့အညီ ဈေးကို စနစ်တကျ စီစဉ်သင့်တယ်။ တကယ်လို့ နေရာ လုံလောက်မှုမရှိဘူးဆိုရင်တော့ ပြည်သူလူထုနဲ့ ညှိနှိုင်းတိုင်ပင်ရင် ပိုကောင်းမယ်” လို့ ပြောပါတယ်။

အဲဒီနေရာဟာ မီးဘေးအန္တရာယ်ဖြစ်လာခဲ့ရင် အလွယ်တကူ ရှောင်တိမ်းနိုင်ဖို့နဲ့ မီးအလွယ်တကူ မကူးစက်နိုင်အောင် မြို့စတည်ကတည်းက မီးတားလမ်းအနေနဲ့ ထားခဲ့တာဖြစ်ကြောင်း ရှေးလူကြီးတွေ ပြောပြခဲ့တယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ မြေစာရင်းမှာတော့ ဘယ်လို အမည်ပေါက်တယ် ဆိုတာကို မသိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013