DVB Logo
Home
မြန်မာသတင်း
အရက်ချက်စက်ရုံ မီးလောင်မှု ၁၅ နာရီကျော် ငြှိမ်းသတ်ရ၊ မီးသတ်နှင့်ပရဟိတအဖွဲ့များ ဒဏ်ရာရ
DVB
·
January 14, 2023
အရက်ချက်စက်ရုံ မီးလောင်မှု ၁၅  နာရီကျော် ငြှိမ်းသတ်ရ၊ မီးသတ်နှင့်ပရဟိတအဖွဲ့များ ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် ၄ လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှုကို ဇန်နဝါရီ ၁၄ ရက် မနက်အထိ ၁၅ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုကို ဇန်နဝါရီ ၁၃ ရက် ညနေသုံးနာရီခွဲမှ ဇန်နဝါရီ ၁၄ ရက်မနက် ခုနှစ်နာရီအထိ မီးငြှိမ်းသတ်ခဲ့ရပြီ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတဝန်ထမ်း ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးသတ်အင်အားငါးရာကျော်နဲ့ မီးသတ်ရတာ။ ၂၀၂၃ နှစ်အစမှာတော့ အကြီးမားဆုံး မီးလောင်မှုပဲ။ မီးသတ်တွေရော၊ ပရဟိတအဖွဲ့တွေရော ဒဏ်ရာရတယ်" လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှာ ဆေးကုသမှုခံပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"အရေပြားအပူလောင်တာတို့၊ အသက်ရှူမဝတာတို့ဖြစ်တာ ၁၀ ဦးကျော်တယ်။ သူတို့ကိုပဲ လူမှုရေးအသင်းကားတွေနဲ့ ဆေးရုံပို့ပေးလိုက်တယ်။" 

လက်တလောမှာ မီးလောင်တဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးတွက်ချက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရသည့်အထဲ ရန်ကုန်က ၂၂၄ ကြိမ်မီးလောင်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013