DVB Logo
Home
မြန်မာသတင်း
Falcon Wings ​ဒရုန်းတပ်ဖွဲ့က “ဒရုန်းဝဲ ၊အမုန်းစွဲ” ကမ်ပိန်းတွင်ပါဝင်ရန် ဖိတ်ခေါ်
DVB
·
January 14, 2023
Falcon Wings ​ဒရုန်းတပ်ဖွဲ့က “ဒရုန်းဝဲ ၊အမုန်းစွဲ” ကမ်ပိန်းတွင်ပါဝင်ရန် ဖိတ်ခေါ်
Donate to DVB

စစ်အာဏာရှင်ကိုဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Falcon Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၁၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လတ်တလောမှာတော့ ဆက်လက်ပြုလုပ်သွားမယ့် မစ်ရှင်တွေအတွက် “ဒရုန်းဝဲ ၊အမုန်းစွဲ” ကမ်ပိန်းမှာ အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Falcon Wings ဒရုန်းတပ်ဖွဲ့ဟာ ဒီစစ်ဆင်ရေးတွေအတွင်း ရန်သူ့လက်နက်ကြီးပစ်ကူနေရာတွေ၊ ရန်သူ့ထောက်ပို့အရေးကြီး ပစ်မှတ်နေတွေကိုပါ ထိုးနှက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက်က စိတ်လုံခြုံမှုပျက်ပြားစေဖို့လည်း ကောင်းကောင်းကြီးလုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခုတခါမှာတော့ ၂၀၂၃ ခုနှစ်မှာ ဒရုန်းစစ်ဆင်ရေးတွေ ပိုပြီးတော့ အရှိန်အဟုန်နဲ့ ပြုလုပ်ဖို့ရာအတွက် ရည်ရွယ်ပြုလုပ်တဲ့  “ဒရုန်းဝဲ အမုန်းဆွဲ” ကမ်ပိန်းကို ထောက်ပို့ပေးကြဖို့ နှိုးဆော်တိုက်တွန်းထားပြီး ပြည်တွင်းအပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ဩစတေးလျ၊ ဒိန်းမတ်နဲ့ ဉရောပအရှေ့ပိုင်းနိုင်ငံတွေကပါပါဝင်နိုင်မှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေအလိုက် ငွေကြေးတွေနဲ့ ရော NUGPay နဲ့ပါ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်မယ့် ဒီကမ်ပိန်းမှာတော့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာငွေကျပ်သိန်း ၁၈၀) ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး ပါဝင်ထောက်ပို့လိုသူတွေအနေနဲ့ A Nya Ta Ya - အညတရ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013